Vivo က Dimensity 810 Chipset ပါတဲ့ Y71t ကို ကြေညာ

Vivo က 5G စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Vivo Y71t လို့ နာမည်ပေးထားပြီး ၆.၄၄ လက်မ AMOLED 1080x2400p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 60Hz Refresh Rate ပဲပါလာပြီး Notch မှာ 16MP ကင်မရာ ထည့်သွင်းထားပါတယ်။

vivo Y71tvivo Y71t

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 5G ထောက်ပံ့တဲ့ Dimensity 810 Chipset မောင်းနှင်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ 8GB RAM နဲ့ 128GB UFS 2.1 Storage ထည့်သွင်းထားပြီး 256GB Storage Version လည်း ထုတ်လုပ်ထားပါတယ်။ OriginOS 1.0 မောင်းနှင်ထားပြီး 4G Virtual RAM ပါပါတယ်။

The vivo Y71t will be available in two colorsThe vivo Y71t will be available in two colors

Vivo Y71t မှာ 44W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ တပ်ဆင်ထားပြီး နာရီဝက်အတွင်းမှာ ၇၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Vivo က ပါးလွှာ ပေါ့ပါးအောင် ဒီဇိုင်းထုတ်ထားပြီး အထူက ၇.၆၇ မီလီမီတာနဲ့ အလေးချိန်က ၁၆၆.၃ ဂရမ်ပဲရှိပါတယ်။

တရုတ်မှာ နောက်လ ရောင်းချမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၈၀၀ ယွမ် သတ်မှတ်ထားပါတယ်။ 256GB Storage Version ကို ၂,၀၀၀ ယွမ်နဲ့ ဝယ်ယူနိုင်မှာပါ။ မြန်မာငွေနဲ့တွက်ရင် ၅ သိန်း ၂ သောင်းနဲ့ ၅ သိန်း ၈ သောင်းလောက် အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: