Apple နောက်ထုတ်မယ့် MacBook Pro မော်ဒယ်တွေမှာ Notch ပါလာနိုင်

စမတ်ဖုန်းတွေမှာ Full Screen ဒီဇိုင်းရဖို့အတွက် Notch တွေ ထည့်သွင်းလာကြတာ နှစ်အနည်းငယ်တောင် ရှိနေပါပြီ။ အခုတော့ လက်ပ်တော့တွေမှာလည်း Notch တွေပါလာတော့မှာပါ။ Apple နောက်ထုတ်မယ့် MacBook Pro မော်ဒယ်တွေမှာ Notch ပါလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Apple ဟာ ဒီလ ၁၈ ရက်နေ့မှာ MacBook Pro အသစ်တွေကို ကြေညာနိုင်ပြီး ဒီဇိုင်းပြောင်းလဲထားမယ်လို့ သတင်းထွက်နေပါတယ်။ ၁၄ လက်မနဲ့ ၁၆ လက်မ မော်ဒယ် ၂ မျိုးထုတ်လုပ်ထားနိုင်ပြီး mini-LED မျက်နှာပြင်တွေ ပါလာနိုင်ပါတယ်။ အမြင့်ဆုံး အနေနဲ့ 1000 nits Brightness ထောက်ပံ့ထားနိုင်ပြီး 120Hz Refresh Rate ပါလာနိုင်ပါတယ်။

Apple's upcoming MacBook Pro models could have a notch on their display

Notch ပါလာမယ်ဆိုရင် မျက်နှာပြင်ဘောင်ပျောက် ဒီဇိုင်းက အရမ်းလှမှာ သေချာပါတယ်။ လက်ရှိ iPad နဲ့ iPhone တွေမှာလို ထောင့်စွန်းတွေက လေးထောင့်ကျမှာ ဖြစ်ပြီး Notch မှာ 1080p ကင်မရာ ၁ လုံး ၊ TrueTone Sensor ၁ လုံးနဲ့ မိုက်ကရိုဖုန်း ၁ လုံး တပ်ဆင်ထားမှာပါ။ Face ID ကို Notch မှာ ထည့်သွင်းထားမယ်ဆိုတဲ့ သတင်းက မဖြစ်နိုင်ပါဘူး။

MacBook Pro 14 နဲ့ 16 မှာ M1X Chip မောင်းနှင်ထားနိုင်ပြီး M1 ကို အဆင့်မြှင့်ထားတာပါ။ အရွယ်ကြီး ပန်ကာ ၂ လုံး ပါလာမှာ ဖြစ်တဲ့အတွက် ကိုယ်ထည်တွေဟာ အနည်းငယ်ပိုကြီးလာနိုင်ပါတယ်။ Touch Bar ကို ဖယ်ရှားထားနိုင်ပြီး သမားရိုးကျ ကီးဘုတ်ပဲ ပါလာနိုင်ပါတယ်။ မနက်ဖြန်မှာ အဲဒီ MacBook Pro အသစ်တွေကို မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

Ref : gsmarena

%d bloggers like this: