realme 8i ကို ဥရောပမှာ ၁၉၉ ယူရိုနဲ့ ရောင်းချ

realme က ဥရောပမှာ realme 8i ကို ကြေညာလိုက်ပါတယ်။ Space Black နဲ့ Stellar Purple ၂ ရောင် ထုတ်လုပ်ထားပြီး 4GB/64GB နဲ့ 4GB/128GB Memory Option ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ ၁၉၉ ယူရိုနဲ့ ၂၁၉ ယူရို အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၄ သောင်းနဲ့ ၄ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ realme ရဲ့ ဥရောပ ဝက်ဘ်ဆိုက်ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

realme 8i မှာ ၆.၆ လက်မ FullHD+ 120Hz LCD မျက်နှာပြင် တပ်ဆင်ထားပြီး 6 Level Refresh Rate ထောက်ပံ့ထားပါတယ်။ အမြင့်ဆုံး Brightness အနေနဲ့ 600 nits ပြသပေးနိုင်ပြီး Helio G96 SoC မောင်းနှင်ထားပါတယ်။ ဆော့ဖ်ဝဲအကြောင်း ပြောရရင် Android 11 အခြေပြု realme UI 2.0 ပါလာပြီး Android 12 အခြေပြု realme UI 3.0 ကို ၂၀၂၂ ခုနှစ် ပထမ ၃ လအတွင်း ရရှိမှာပါ။

16MP Selfie ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 2MP Macro နဲ့ 2MP Monochrome ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 18W Charging ထောက်ပံ့ထားပါတယ်။ USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Ref : gsmarena

%d bloggers like this: