Black Shark က Gaming ဖုန်း အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ Black Shark 4S နဲ့ 4S Pro လို့ နာမည်ပေးထားပြီး Snapdragon 870 နဲ့ 888 Plus Chipset တွေ အသီးသီး ထည့်သွင်းထားပါတယ်။ ၂ လုံးစလုံးမှာ ၆.၆၇ လက်မ E4 AMOLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 720Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Response Delay က 8.3ms ပဲရှိတဲ့အတွက် ဂိမ်း ကစားရင် ရှယ်လန်းပါတယ်။
၂ လုံးစလုံးမှာ UFS 3.1 နဲ့ SSD Storage Chip တွေပါတဲ့အတွက် လက်ရှိဈေးကွက်ထဲက ဖုန်းတွေအားလုံးထက် Reading / Writing Speed ပိုမြန်ပါတယ်။ 4,500mAh ဘက်ထရီ ထည့်သွင်းထားပြီး 120W Fast Charging ထောက်ပံ့ထားပါတယ်။
ဖုန်း ၂ လုံးစလုံးမှာ တူညီတာက 8MP Ultrawide , 2MP Depth အနောက်ကင်မရာတွေနဲ့ 20MP ဆဲလ်ဖီး ကင်မရာ ဖြစ်ပါတယ်။ 4S Pro ရဲ့ ပင်မ ကင်မရာက 64MP ဖြစ်ပြီး 4S က 48MP ဖြစ်ပါတယ်။ ၂ လုံးစလုံးမှာ ဂိမ်း ကစားရင် အပူချိန်လျှော့ချပေးတဲ့ အဆင့်မြင့် Liquid Cooling ထည့်သွင်းထားပြီး Android 11 အခြေပြု JoyUI 12.9 မောင်းနှင်ထားပြီး ဂိမ်း အသားပေးလုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး Black Shark 4S အတွက် Black နဲ့ Fog ၂ ရောင် ထုတ်လုပ်ထားပါတယ်။ 4S Pro အတွက် Galaxy Black နဲ့ Sky White ၂ ရောင် ရွေးချယ်နိုင်ပါတယ်။
Black Shark 4S
Price
8GB + 128GB – ¥2,699 ($419)
12GB + 128GB – ¥2,999 ($465)
12GB + 256GB – ¥3,299 ($512)
Gundam Limited Edition (12GB + 256GB) – ¥3,499 ($543)
Black Shark 4S Pro
Price
12GB + 256GB – ¥4,799 ($745)
16GB + 512GB – ¥5,499 ($853)
Ref : gsmarena
You must log in to post a comment.