Apple က Nintendo Switch ကို ယှဉ်ပြိုင်မယ့် လက်ကိုင် ဂိမ်းစက်ကို ဖန်တီးနေ

Apple ဟာ ၁၉၉၆ ခုနှစ်က Gaming Console ၁ ခုကို ထုတ်လုပ်ရောင်းချခဲ့ဖူးပါတယ်။ Apple Bandai Pippin လို့ နာမည်ပေးထားပြီး ဒေါ်လာ ၅၉၉ နဲ့ ရောင်းချပေးခဲ့ပါတယ်။ စီဒီ ထည့်သွင်းကစားရတဲ့ ဂိမ်းစက်ဖြစ်ပြီး Controller ပါပါတယ်။

Apple readying a handheld console to compete with Nintendo Switch

အခုတော့ Apple ဟာ ဂိမ်းစက်အသစ် ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ Nintendo Switch ကို ယှဉ်ပြိုင်မယ့် လက်ကိုင် ဂိမ်းစက် ဖြစ်ပြီး ကမ္ဘာအဝန်းမှာ ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ Apple ဂိမ်းစက်ဟာ Hybrid Device ဖြစ်ပြီး Switch နဲ့ Sony PS5 ကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အဲဒီ ဂိမ်းစက်ကို သတင်းထွက်နေတဲ့ Apple AR/VR Headset နဲ့ တွဲဖက် အသုံးပြုနိုင်အောင် ဖန်တီးထားနိုင်ပါတယ်။

Nintendo announces new Switch variant with OLED display - GSMArena.com news

Apple က နာမည်ကြီး ဂိမ်း စတူဒီယိုတွေနဲ့ ပူးပေါင်းနေပြီး အဲဒီ ဂိမ်းစက်နဲ့ ကစားလို့ရတဲ့ ဂိမ်းတွေကို ဖန်တီးနေပြီလို့ သတင်းက ပြောပါတယ်။ အဲဒီ ဂိမ်းတွေထဲမှာ Breath of the Wild နဲ့ Mario Odyssey တို့ ပါလာမှာ ဖြစ်ပြီး မကြာခင်မှာ အဲဒီ ဂိမ်းစက်ရဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: