Samsung က ဒါရိုက်တာတွေနဲ့ ပူးပေါင်းပြီး Galaxy S21 Ultra နဲ့ ရုပ်ရှင် ရိုက်ကူးမည်

Samsung Electronics က Galaxy S21 Ultra ရဲ့ ကင်မရာ စွမ်းရည်ကို ပြသဖို့အတွက် ရုပ်ရှင် ဒါရိုက်တာတွေနဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက Pride and Prejudice ၊ Atonement တို့နဲ့နာမည်ကြီးခဲ့တဲ့ ဗြိတိန် ရုပ်ရှင် ဒါရိုက်တာ Joe Wright နဲ့ ပူးပေါင်းထားပါတယ်။

Source: Samsung NewsroomSource: Samsung Newsroom

Samsung ရဲ့ စီမံကိန်းဟာ Joe Wright ရိုက်ကူးတဲ့ Princess & Peppernose နဲ့ စတင်မှာ ဖြစ်ပါတယ်။ ဂီတ ရုပ်ရှင် ဖြစ်ပြီး အဲဒီ ၁ ကားလုံးကို Samsung Galaxy S21 Ultra နဲ့ ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်ရဲ့ Official Trailer ကို အောက်မှာ လေ့လာနိုင်ပါတယ်။

နောက်ထပ် ရိုက်ကူးမယ့် ရုပ်ရှင်ကို Love Will Tear Us Apart ၊ My Huckleberry Friends တို့နဲ့ နာမည်ကြီးခဲ့တဲ့ တရုတ် ဒါရိုက်တာ Sha Mo က ဖန်တီးမှာ ဖြစ်ပါတယ်။ Sha Mo က Galaxy S21 Ultra 5G ကို သုံးပြီး Kids of Paradise ကို ရိုက်ကူးမှာ ဖြစ်ပါတယ်။ Sha Mo က Galaxy S21 Ultra ရဲ့ Director’s Mode ကို သုံးမှာပါ။ အဲဒီ လုပ်ဆောင်ချက်က မတူညီတဲ့ Shot  ၃ ခုကို တစ်ပြိုင်နက် ရိုက်ကူးပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ အကောင်းဆုံး Shot ၁ ခုကို ဖန်တီးပေးနိုင်ပါတယ်။

Samsung က သူ့ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်း ကင်မရာတွေရဲ့ အစွမ်းကို ပြသဖို့အတွက် ကမ္ဘာတစ်ဝန်းလုံးက ရုပ်ရှင် ဒါရိုက်တာများစွာနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်မှာပါ။

အထက်ဖော်ပြပါ ရုပ်ရှင် ၂ ခုစလုံးကို ဒီလထဲ ကျင်းပမယ့် ဘူဆန် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်မှာ ပြသမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: