144Hz AMOLED, SD888+ နဲ့ 120W Charging ပါမယ့် Black Shark 4S Pro ကို ၁၃ ရက်နေ့ ကြေညာမည်

Black Shark က တရုတ်မှာ Black Shark 4S နဲ့ 4S Pro ကို ဒီလ ၁၃ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ ဖုန်းတွေဟာ မတ်လက ကြေညာခဲ့တဲ့ Black Shark 4 နဲ့ 4 Pro ရဲ့ မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။ မော်ဒယ်အသစ်တွေမှာ AMOLED မျက်နှာပြင်နဲ့ 144Hz Refresh Rate ကို ဆက်လက် သုံးထားမှာ ဖြစ်ပြီး Magnetic Gaming Triggers တွေ တပ်ဆင်ထားမှာပါ။ အရှေ့ဘက် ဒီဇိုင်းက အရင်မျိုးဆက်နဲ့ တူညီမှာ ဖြစ်ပြီး Punch Hole ကင်မရာ ၁ လုံး ပါလာမှာပါ။

Black Shark 4S Pro မှာ Snapdragon 888+ SoC နဲ့ 120W Fast Charging တွေနဲ့ အဆင့်မြှင့်ထားမှာ ဖြစ်ပါတယ်။ တူညီတဲ့ 4,500mAh ဘက်ထရီ ပါလာမယ်ဆိုရင် ၅ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းနဲ့ ၁၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်မှာပါ။

Black Shark 4S ရဲ့ မိတ်ဆက်ပွဲ ဖိတ်စာမှာ ဖုန်း အနောက်ဘက်ကို ပြသထားပြီး အရင်မျိုးဆက်နဲ့ ဒီဇိုင်း တူညီပါတယ်။ အနောက်ကင်မရာ ၃ လုံးကို အလျားလိုက် တပ်ဆင်ထားတာ မြင်ရပါတယ်။ Liquid Cooling Plates နဲ့ Liquid Cooling Tubes တွေပါတဲ့ Sandwich Cooling System ထည့်သွင်းထားနိုင်ပါတယ်။ Pro မော်ဒယ်မှာ 16GB RAM အထိ ရွေးချယ်နိုင်မယ်လို့ သတင်းထွက်နေပါတယ်။

လာမယ့် ၁၃ ရက်နေ့မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းအပါအဝင် အသေးစိတ်  သတင်းအချက်အလက်တွေကို Xiaomi က တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: