၆.၅ လက်မ Max Vision HD+ မျက်နှာပြင် ပါတဲ့ Moto G Pure ကို ကြေညာ

Motorola က အမေရိကန်မှာ တန်ဖိုးနည်း G Series ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ Moto G Pure လို့ နာမည်ပေးထားပြီး ၆.၅ လက်မ HD+ MaxVision မျက်နှာပြင် ပါလာပါတယ်။ အရွယ်သေး Notch တပ်ဆင်ထားပြီး Octa-core MediaTek Helio G25 Processor , 3GB RAM နဲ့ 32GB Storage တွေ ပါလာပါတယ်။ microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 13MP Main + 2MP Depth တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။

IP52 ရေစိုခံ စံနှုန်း ထောက်ပံ့ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ အနောက်ဘက်ကို ပလတ်စတစ်နဲ့ ဖုံးအုပ်ထားပြီး 10W Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

moto g pure specifications

  • 6.5-inch (1600×720 pixels) HD+ MaxVision display
  • 2GHz Octa Core MediaTek Helio G25 processor with IMG PowerVR GE8320 GPU
  • 3GB LPDDR4x RAM, 32GB storage, expandable memory up to 512GB with microSD
  • 13MP rear camera with f/2.2 aperture, LED flash, 2MP depth sensor with f/2.4 aperture
  • 5MP front camera with f/2.2 aperture
  • Android 11
  • 3.5mm audio jack, FM Radio
  • Rear-mounted fingerprint scanner
  • Water resistant (IP52)
  • Dimensions: 167.36 x 75.63 x 8.75mm; Weight: 188g
  • 4G VoLTE, Wi-Fi 802.11 b/g/n (2.4GHz), Bluetooth 5.0, GPS + GLONASS, USB Type-C Port
  • 5,000 mAh battery with 10W charging

Moto G Pure အတွက် Deep Indigo ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး ၁၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၃ သိန်း ၁ သောင်းလောက်ကျသင့်မှာ ဖြစ်ပြီး ဒီလ ၁၄ ရက်နေ့ အမေရိကန်မှာ ကြိုတင်မှာယူနိုင်မှာပါ။

Ref : fonearena

%d bloggers like this: