Xiaomi Redmi K50 Pro+ မှာ Periscope Zoom နဲ့ 108MP ကင်မရာ ပါလာနိုင်

Xiaomi Redmi K50 Series ရဲ့ သတင်းတွေစတင်ထွက်ပေါ်လာပြီ ဖြစ်ပြီး အခုတော့ နာမည်ကျော် ဝီဘို Tipster ၁ ယောက်က စွမ်းရည်အမြင့်ဆုံး K50 Pro+ ရဲ့ အဓိက Specs တချို့ကို မျှဝေလိုက်ပါတယ်။

Redmi K50 Pro+ key specifications leak reveals Snapdragon 898, 108MP camera, and more - Gizmochina

Xiaomi က Redmi K50 Pro+ မော်ဒယ်ကို ပြန်လည် ရောင်းချမှာ ဖြစ်ပြီး စွမ်းရည်မြင့် အစိတ်အပိုင်းတွေ ထည့်သွင်းထားမှာပါ။ မကြေညာရသေးတဲ့ Snapdragon 898 Chipset နဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ မျက်နှာပြင်ကွေး တပ်ဆင်ထားနိုင်ပြီး ဆဲလ်ဖီး ကင်မရာအတွက် မျက်နှာပြင်အထက် အလယ်မှာ Punch Hole ထည့်သွင်းထားမှာပါ။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။

Redmi K50 Pro: all about technical data, price and release - GizChina.it

ကင်မရာအကြောင်းပြောရရင် 108MP Main ကင်မရာကို Periscope Telephoto Shooter နဲ့ တွဲဖက်ထားနိုင်ပြီး တခြား ကင်မရာ Specs တွေကို မသိရသေးပါဘူး။ K50 Pro+ ဟာ စွမ်းရည်မြင့် ဖုန်း ဖြစ်ပေမယ့် Flagship Killer တော့ မဟုတ်ပါဘူး။

Snapdragon 898 Chipset ပါလာမယ့်အတွက် K50 Pro+ ကို ဒီနှစ်မှာ မရောင်းချနိုင်ပါဘူး။ Qualcomm ဟာ စွမ်းရည်မြင့် SoC ကို နှစ်ကုန်ပိုင်းမှာ ကြေညာလေ့ရှိပြီး အဲဒီ SoC ပါတဲ့ ဖုန်းတွေကို နောက်နှစ်အစပိုင်းမှာ ကြေညာလေ့ရှိပါတယ်။ အဲဒီအတွက် Redmi K50 Pro+ ကို ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: