iPhone 13 Series ဟာ စိတ်ဝင်စားစရာ မကောင်းဘူးလို့ စစ်တမ်းက ဖော်ပြ

စစ်တမ်း ၁ ခုက iPhone 13 Series ဟာ စိတ်ဝင်စားစရာ မကောင်းဘူးလို့ ဆိုပါတယ်။ အမေရိကန်က အသက် ၁၈ နှစ်နဲ့အထက် iPhone User ပေါင်း ၅၀၀၀  ကို စက်တင်ဘာလ ၂၃ ရက်နေ့နဲ့ ၃၀ ရက်နေ့အကြားမှာ စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

iphone-13-reaction

SellCell က ဒီ စစ်တမ်းကို ကောက်ယူခဲ့တာ ဖြစ်ပြီး ၆၄ ရာခိုင်နှုန်းက iPhone 13 Series ဟာ လုံးဝ စိတ်ဝင်စားစရာ မကောင်းဘူးလို့ ပြောပါတယ်။ ၂၁.၅ ရာခိုင်နှုန်းကတော့ နည်းနည်း စိတ်ဝင်စားပြီး ၁၄.၄ ရာခိုင်နှုန်းက အရမ်း စိတ်ဝင်စားတယ်လို့ ဖြေဆိုကြပါတယ်။

which-iphone-13-model

၂၃.၃ ရာခိုင်နှုန်းက iPhone 13 ကို ဝယ်ယူမယ်လို့ ပြောတဲ့အတွက် ရာခိုင်နှုန်း နည်းပါးပါတယ်။ iPhone 13 Series ထဲမှာ iPhone 13 Pro က လူကြိုက်အများဆုံး ဖြစ်ပြီး ၄၂.၅ ရာခိုင်နှုန်းက အလိုရှိကြပါတယ်။ iPhone 13 Pro Max ကို ၂၆.၃ ရာခိုင်နှုန်း၊ iPhone 13 ကို ၂၂ ရာခိုင်နှုန်းနဲ့ iPhone 13 mini ကို ၉.၂ ရာခိုင်နှုန်း ဝယ်ယူချင်ကြပါတယ်။

iPhone User ၇၆.၈ ရာခိုင်နှုန်းက iPhone 13 Series ကို မဝယ်ယူချင်ကြဘူးလို့ စစ်တမ်းက ပြောပါတယ်။ ၃၆.၈ ရာခိုင်နှုန်းက iPhone 14 ကို စောင့်မယ်လို့ ဖြေကြပါတယ်။ ၁၆.၁ ရာခိုင်နှုန်းက Android Device ပြောင်းကိုင်မယ်လို့ ပြောကြပါတယ်။

ref : gizmochina

%d bloggers like this: