Caviar က ရွှေနဲ့ အလှဆင်ထားတဲ့ PS5, iPad mini , AirPods Pro နဲ့ iPhone 13 Pro ကို ရောင်းချ

နာမည်ကြီး အီလက်ထရောနစ် ထုတ်ကုန်တွေကို ရွှေနဲ့ အလှဆင် ရောင်းချရာမှာ နာမည်ကြီးတဲ့ Caviar က အခုတစ်ကြိမ်မှာလည်း ထူးထူးခြားခြားတွေ ပြုလုပ်ပြလိုက်ပါတယ်။ Caviar က ရွှေနဲ့ အလှဆင်ထားတဲ့ PS5, iPad mini , AirPods Pro နဲ့ iPhone 13 Pro ကို ရောင်းချပေးလိုက်ပါတယ်။

PlayStation 5 Gold ကို ၁၈ ကာရက် ရွှေနဲ့ အလှဆင်ထားပြီး DualSense Controller ကိုလည်း ရွှေနဲ့ သွန်းလောင်းထားသလို သားရေနဲ့ ဖုံးအုပ်ထားပါတယ်။ ၅ လုံးပဲ ရောင်းချမှာ ဖြစ်ပြီး ဒေါ်လာ ၃၅၀ ၀၀၀ သတ်မှတ်ထားပါတယ်။

Apple AirPods Max Gold ကို ၁၈ ကာရက် ရွှေနဲ့ အလှဆင်ထားပြီး ထိပ်ဖူးကို မိကျောင်း သားရေနဲ့ ဖုံးအုပ်ထားပါတယ်။ ၉ လုံးပဲ ရောင်းချမှာ ဖြစ်ပြီး ဒေါ်လာ ၆၈ ၀၀၀ သတ်မှတ်ထားပါတယ်။ iPad mini ကို ၁၈ ကာရက် ရွှေနဲ့ သွန်းလောင်းထားပြီး စိန်ပွင့် ၄ လုံး တပ်ဆင်ထားပါတယ်။ ၆ လုံးပဲ ရောင်းချမှာ ဖြစ်ပြီး ဒေါ်လာ ၈၄ ၉၂၀ သတ်မှတ်ထားပါတယ်။

iPhone 13 Pro နဲ့ Pro Max ကိုလည်း ၁၈ ကာရက် ရွှေနဲ့ အလှဆင်ထားပြီး ၉ လုံးပဲ ရောင်းချမှာ ဖြစ်ကာ ဒေါ်လာ ၄၂ ၃၈၀ သတ်မှတ်ထားပါတယ်။

ref : gsmarena

%d bloggers like this: