ဟက်ကာတွေက Facebook အကောင့်ပေါင်း ၁.၅ ဘီလီယမ်ကို ဖိုရမ်မှာ ရောင်းချခဲ့တယ်လို့ သတင်းထွက်

အောက်တိုဘာလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီလောက်မှာ Facebook , WhatsApp , Instagram တို့ ကမ္ဘာအဝန်းမှာ ၇ နာရီကြာလောက် လိုင်းကျသွားခဲ့တဲ့ သတင်းကို အားလုံးသိပြီးကြပါပြီ။ အခုတော့ အဲဒီ သတင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်း ၁ ပုဒ်တက်လာပါတယ်။

Facebook

Russian Privacy Affairs က Facebook လိုင်းကျနေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က Facebook User Data တွေကို ဟက်ကာ ဖိုရမ် ၁ ခုမှာ ရောင်းချခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ Data တွေထဲမှာ User တွေရဲ့ အမည်၊ လိပ်စာ၊ အီးမေးနဲ့ ဖုန်းနံပါတ်တွေ ပါဝင်ပါတယ်။ Facebook အကောင့်ပေါင်း ၁.၅ ဘီလီယမ် လောက်ကို ရောင်းချခဲ့တာလို့ သိရပါတယ်။

Russian Privacy Affairs ရဲ့ သတင်းကို လက်ရှိမှာ အတည်ပြုနိုင်သေးခြင်း မရှိသေးပါဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်က Facebook User Data တွေကို ဝယ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ အတည်ပြုချက်တွေရထားပါတယ်။ အဲဒီ အရောင်းအဝယ်လုပ်နေတဲ့ User Data တွေဟာ Facebook လိုင်းကျတဲ့ ပြဿနာနဲ့ ပတ်သက်နေသလားဆိုတာ မသိရသေးပါဘူး။

စက်တင်ဘာလ နှောင်းပိုင်းတုန်းကလည်း Facebook User Data ပေါင်း ၁.၅ ဘီလီယမ်ကို ရောင်းချတဲ့ သူ ပေါ်လာခဲ့ဖူးပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် User Data ပေါက်ကြားမှု သမိုင်းမှာ အကြီးမားဆုံး ဖြစ်လာမှာပါ။

Ref : gizchina

%d bloggers like this: