Facebook , Messenger , WhatsApp နဲ့ Instagram တို့ လိုင်းကျသွားလို့ Mark Zuckerberg ဟာ ဒေါ်လာ ၇ ဘီလီယမ် ဆုံးရှုံးသွားခဲ့

အချိန်ဟာ ငွေဆိုတာ တနင်္လာနေ့ည ဖြစ်ရပ် ၁ ခုက သက်သေပြသွားခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ Mark Zuckerberg ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၇ ဘီလီယမ်နီးပါး လျော့နည်းသွားပါတယ်။ အကြောင်းအရင်းက Facebook , Messenger, Instagram နဲ့ WhatsApp တို့ဟာ တနင်္လာနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီလောက်စကာ နံနက် ၄ နာရီလောက်အထိ တစ်ကမ္ဘာလုံးမှာ လိုင်းကျသွားလို့ ဖြစ်ပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံး စာရင်းမှာ Mark Zuckerberg ဟာ အဆင့်တောင်ကျသွားတယ်လို့ သိရပါတယ်။

Facebook ရဲ့ ရှယ်ယာ တန်ဖိုးဟာ ၅ ရာခိုင်နှုန်း ဝန်းကျင်ကျဆင်းသွားပြီး Bloomberg ရဲ့ Billionaires Index မှာ Zuckerberg ဟာ နံပါတ် ၆ နေရာရောက်သွားပြီး ပိုင်ဆိုင်မှုက ၁၂၀.၉ ဘီလီယမ် ဖြစ်ပါတယ်။ သူဟာ နံပါတ် ၅ နေရာက Bill Gates ရဲ့ အောက်ကို ရောက်သွားတာ ဖြစ်ပါတယ်။

DownDetector ရဲ့ သတင်းအရ အဲဒီ လူမှုကွန်ရက် ပလက်ဖောင်းတွေဟာ ဥရောပ၊ အာရှ၊ လက်တင် အမေရိကနဲ့ မြောက် အမေရိက နိုင်ငံတွေမှာ လိုင်းကျသွားတာလို့ သိရပါတယ်။ အခုတော့ အဲဒီ ပလက်ဖောင်းတွေကို ပြန်လည် အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

Facebook က Hack ခံရလို့ မဟုတ်ဘဲ Router Configuration ပြောင်းလဲသွားလို့လို့ ပြောပေမယ့် သတင်းအချက်အလက် အသေးစိတ်ကို မပြောပါဘူး။ Zuckerberg က “ ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်ဖို့ ကျွန်တော်တို့ရဲ့ လူမှုကွန်ရက်တွေကို အများကြီး မှီခိုနေရတာကို နားလည်ပါတယ်။ အခုလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ “ လို့ ပို့စ်တင်ခဲ့ပါတယ်။

Ref : entrepreneur

%d bloggers like this: