ထရမ့်က တွစ်တာ အကောင့် ပြန်အသုံးပြုခွင့်ရဖို့ တရားရုံးကို လျှောက်ထား

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တွစ်တာ အကောင့် ပြန်အသုံးပြုခွင့်ရဖို့  ဖလော်ရီဒါ တရားရုံးကို လျှောက်ထားလိုက်ပါတယ်။ တွစ်တာဟာ ဖလော်ရီဒါ လူမှုကွန်ရက် ဥပဒေကို ချိုးဖောက်တဲ့အတွက် သူ့ကို Ban ထားတာ ဖြစ်ပါတယ်။

Twitter stock drops in first trading day after Trump ban

ထရမ့်က အမေရိကန် လွှတ်တော် အမတ်တွေရဲ့ တွန်းအားပေးမှုကြောင့် တွစ်တာက သူ့ကို Ban တာလို့ ပြောပါတယ်။ ထရမ့်က တွစ်တာမှာ ယာယီ အသုံးပြုခွင့်ရအောင် ကြိုးစားနေတာ ဖြစ်ပြီး အဲဒီနောက်မှာ ပုံမှန်အတိုင်း ပြန်လည် အသုံးပြုခွင့်ရအောင် စီစဉ်နေပါတယ်။

Twitter Will Never Ban Donald Trump | WIRED

အမေရိကန် သမ္မတဟောင်းဟာ တွစ်တာမှာ @RealDonaldTrump အကောင့်ကို အသုံးပြုခဲ့ပြီး မူဝါဒတွေ၊ နိုင်ငံရေး အတိုက်အခံတွေနဲ့ ပတ်သက်ပြီး ကြေညာမှုတွေ ပြုလုပ်ခဲ့တာပါ။ တခါတလေမှာ လူတွေ ဟာခနဲ၊ ဟင်ခနဲ ဖြစ်စေမယ့် ကိုယ်ရေးကိုယ်တာ ပို့စ်တွေကိုလည်း တင်လေ့ရှိပါတယ်။ ရွေးကောက်ပွဲ ရလာဒ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကိုလည်း သူက အဲဒီ အကောင့်ကနေ ဖြန့်ဝေလေ့ ရှိပါတယ်။

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရပြီးနောက် လွှတ်တော်မှာ ကျမ်းကြိမ်ဆိုတာကို တားဆီးဖို့အတွက် ထရမ့် ထောက်ခံသူတွေက လွှတ်တော်ကို စီးနင်းမှု ဖြစ်ခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့အပြီး ‌နောက် ၂ ရက်မှာ တွစ်တာက ထရမ့်ကို ထာဝရ အသုံးပြုခွင့် ပိတ်ပင်လိုက်တာပါ။ ထရမ့်ဟာ ဒီလို အဓိကရုဏ်းတွေ ဖြစ်ဖို့ တွစ်တာကနေ လှုံ့ဆော်ခဲ့တာပါ။ Facebook , Snapchat နဲ့ YouTube အပါအဝင် တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေကလည်း ထရမ့်ကို Ban ခဲ့ကြပါတယ်။

Ref : theverge

%d bloggers like this: