Apple ဟာ iPhone အသစ်တွေနဲ့အတူ iPad အသစ်တွေကိုပါ မကြာခင် ကြေညာခဲ့ပါတယ်။ အဲဒီအထဲမှာ တန်ဖိုးနည်း iPad 10.2 9th Gen လည်း ပါလာပြီး ဒီဇိုင်းအဟောင်းကို သုံးထားပေမယ့် တခြား အပိုင်းတွေမှာ တိုးတက်လာပါတယ်။ အဲဒီ iPad အသစ်ကို Xiaomi နောက်ဆုံးထုတ်ထားတဲ့ Mi Pad 5 နဲ့ နှိုင်းယှဉ်ပေးလိုက်ပါတယ်။
ဈေးနှုန်း
iPad 9th Gen ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ဥရောပမှာ ၃၈၉ ယူရို သတ်မှတ်ထားပြီး Xiaomi Mi Pad 5 က ၂၉၉ ယူရိုက စပါတယ်။ လက်ရှိပေါက်ဈေးနဲ့တွက်ရင် ၈ သိန်း ၄ သောင်းနဲ့ ၆ သိန်း ၄ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။
အကျဉ်းချုပ်သုံးသပ်ချက်
အားလုံးခြုံပြောရရင် iPad မှာ Productivity လုပ်ဆောင်ချက်တွေပိုပါလာတဲ့အတွက် ပိုကောင်းတယ်လို့ သုံးသပ်မိပါတယ်။ ဒါပေမယ့် Xiaomi Mi Pad 5 က ယူရို ၁၀၀ လောက် ပိုသက်သာနေပါတယ်။
တက်ဘလက် ၂ လုံးရဲ့ အားသာချက် ၊ အားနည်းချက်တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။
Apple iPad 10.2 9th gen (2021) vs Xiaomi Mi Pad 5: PRO and CONS
Apple iPad 10.2 9th gen
PRO
- iPadOS 15
- Great cameras
- Longer battery life
- eSIM
- Optional LTE
CONS
- Bezels
Xiaomi Mi Pad 5
PRO
- Faster charging
- Narrow bezels
- Wider display
- 4K video recording
- More affordable
- 120 Hz refresh rate
CONS
- Nothing particular
Ref : gizmochina
You must log in to post a comment.