Redmi က Note 10 Lite ကို ကြေညာလိုက်ပြီး တကယ်တော့ ဖုန်းအသစ်မဟုတ်ဘဲ အရင်နှစ်ထုတ် Redmi Note 9 Pro ကို နာမည်ပြောင်းထားတာပါ။ တစ်ခုထဲသော ကွဲပြားချက်က Note 10 Lite အတွက် Aurora Blue နဲ့ Champagne Gold အရောင်အသစ်တွေ ပါလာတာပါ။
Redmi Note 10 Lite မှာ ၆.၆၇ လက်မ Full HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး Corning Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Snapdragon 720G 8nm SoC မောင်းနှင်ထားပြီး 6GB RAM အထိ ရွေးချယ်နိုင်ပါတယ်။
အနောက်ဘက်မှာ 48MP Main Samsung GM2 Sensor , 8MP 120 Degree Ultrawide Angle Lens, 5MP 2cm Macro Sensor နဲ့ 2MP Depth Sensor တွေ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ အရွယ်ကြီးမားတဲ့ 5020mAh ဘက်ထရီ တပ်ဆင်ထားပြီး 18W Fast Charging ထောက်ပံ့ထားပါတယ်။
Redmi Note 10 Lite specifications
- 6.67-inch (2400 × 1080 pixels) 20:9 Full HD+ LCD DotDisplay with Corning Gorilla Glass 5 protection
- Octa Core Snapdragon 720G 8nm Mobile Platform (Dual 2.3GHz Kryo 465 A76 + Hexa 1.8GHz Kryo 465 A55 CPUs) with Adreno 618 GPU
- 6GB / 4GB LPPDDR4x RAM with 64GB / 128GB (UFS 2.1) storage, expandable memory up to 256GB with microSD
- Dual SIM (nano + nano + microSD)
- Android 11 with MIUI 12
- 48MP Samsung ISOCELL GM2, PDAF, EIS, 0.8μm pixel size, LED flash, EIS, 8MP 120° ultra-wide angle lens, 5MP 2cm macro lens, 2MP depth sensor, 4k 30 fps video recording
- 16MP front camera
- Side-mounted fingerprint sensor, Infrared sensor
- 3.5mm audio jack, FM Radio, dual microphones
- Splash-proof (P2i coating)
- Dimensions: 165.7×76.6×8.8mm; Weight: 209g
- Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz) 2 x 2 MIMO, VoWiFi, Bluetooth 5, GPS, NavIC, USB Type-C
- 5020mAh battery with 18W fast charging
5G မပါဘဲ Dual 4G VoLTE ပဲ ပါလာပြီး Bluetooth 5 နဲ့ USB Type-C ထောက်ပံ့ထားပါတယ်။ Aurora Blue, Champagne Gold, Glacier White နဲ့ Insterstellar Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4/64GB ကို ၁၃၉၉၉ ရူပီး၊ 4/128GB ကို ၁၅၉၉၉ ရူပီးနဲ့ 6/128GB ကို ၁၆၉၉၉ ရူပီး သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၃ သိန်းခွဲလောက် တန်ကြေးရှိပါတယ်။ အိန္ဒိယမှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။
Ref : fonearena
You must log in to post a comment.