iPhone 13 Pro Max ရဲ့ Macro ကင်မရာနဲ့ မျက်လုံး စစ်ဆေးတဲ့ ဆရာဝန်

Apple ဟာ iPhone 13 Series စမတ်ဖုန်းတွေကို မကြာခင်က ကြေညာခဲ့ပြီး Pro Series မော်ဒယ်တွေမှာ Macro Mode ဆိုတဲ့ ကင်မရာ လုပ်ဆောင်ချက် အသစ် ပါလာပါတယ်။ အဲဒီ လုပ်ဆောင်ချက်က ကင်မရာ App ကနေ အနီးကပ် ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

အခုတော့ ထူးဆန်းတဲ့ သတင်း ၁ ပုဒ် တက်လာပါတယ်။ မျက်စိ ဆရာဝန် ၁ ယောက် ဖြစ်တဲ့ ဒေါက်တာ တွန်မီကွန်းဟာ iPhone 13 Pro Max ရဲ့ Macro Mode ကို သူ့ရဲ့ ဆေးကုသမှုမှာ အသုံးချနေပါတယ်။ သူက LinkedIn မှာ ပို့စ် ၁ ခု တင်ထားပြီး လူနာရဲ့ မျက်လုံးကို iPhone 13 Pro Max ရဲ့ ကင်မရာနဲ့ စစ်ဆေးပေးနေတယ်လို့ ရေးသားထားပါတယ်။ Macro Mode က မျက်လုံးရဲ့ အသေးစိတ် ပုံရိပ်တွေကို ဖမ်းယူပေးနိုင်တဲ့အတွက် သူက လူနာ မျက်လုံးရဲ့ သတင်းအချက်အလက် အသေးစိတ်ကို သိနိုင်ပါတယ်။

iPhone 13 Pro Max Macro Camera Eye Check

အထက်ပါ ပုံမှာ လူနာဟာ မျက်ကြည်လွှာလဲထားရပြီး ရက်အလိုက် ပြောင်းလဲမှုတွေကို iPhone 13 Pro Max ရဲ့ ကင်မရာက ပြသပေးထားပါတယ်။

iPhone 13 Pro နဲ့ 13 Pro Max မှာ ၂ စင်တီမီတာ အကွာအဝေးက အရာဝတ္ထုတွေကို Macro Mode နဲ့ ရိုက်ကူးနိုင်ပါတယ်။ Macro Mode က Slo-mo နဲ့ Time-lapse ဗီဒီယိုတွေကိုပါ ဖမ်းယူပေးနိုင်ပါတယ်။ 77mm Telephoto ကင်မရာ အသစ်က ဗီဒီယို ရိုက်ကူးနေစဉ်မှာ Zoom  ဆွဲနိုင်ပါတယ်။

ဖုန်းဟာ Subject နဲ့ နီးကပ်သွားတဲ့အခါ Standard Mode ကနေ Macro Mode ကို အလိုလို ပြောင်းပေးပါတယ်။ ဒါပေမယ့် Apple က နောက်ပိုင်းမှာ User ကိုယ်တိုင် Mode ကို ပြောင်းရမယ်လို့ ပြောထားပါတယ်။

Ref : gizmochina

%d bloggers like this: