Huawei က SpO2 Sensor ပါတဲ့ Watch Fit New ကို ကြေညာ

Huawei က Watch Fit ကို ပြီးခဲ့တဲ့ ၁ နှစ်ကျော်လောက်က ကြေညာခဲ့ပြီး ဒီဇိုင်း လှသလို Fitness Tracker လုပ်ဆောင်ချက်တွေ လန်းပါတယ်။ အဲဒီ ဒီဇိုင်းကို တခြား ကုမ္ပဏီတွေက တုပ ထုတ်လုပ်ခဲ့တဲ့အထိတောင် အောင်မြင်ခဲ့ပါတယ်။ အခုတော့ Huawei က မော်ဒယ်အသစ်ကို ကြေညာလိုက်ပြီး Watch Fit New လို့ နာမည်ပေးထားပါတယ်။

Huawei Watch Fit New မှာ ၁.၆၄ လက်မ 280×456 AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Watch Face ပေါင်း ၃၀၀ ကျော် ပါလာပါတယ်။ Sports Mode ပေါင်း ၉၇ ခု ထည့်သွင်းထားပြီး အရင်နှစ်ထုတ် မော်ဒယ်ထက် ၁ ခု ပိုများပါတယ်။ Jump Rope Sport Mode အသစ် ပါလာတာ ဖြစ်ပါတယ်။

Fitness Tracker အသစ်မှာ Animated Workout ၊ ရေကူးတဲ့ နည်းကို ခြေရာခံနိုင်တာတို့လို အရင်နှစ် မော်ဒယ်ရဲ့ လုပ်ဆောင်ချက် အားလုံး ပါလာပါတယ်။ နှလုံးခုန်နှုန်းကို ၂၄ နာရီ တွက်ချက်ပေးနိုင်ပြီး သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးတာက ကိုဗစ် ကာလမှာ အသုံးဝင်ပါတယ်။ အိပ်စက်မှု၊ စိတ်ဖိစီးမှုနဲ့ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းတွေကို တွက်ချက်ပေးနိုင်ပါတယ်။

blank

စမတ်ဖုန်းက Notifications , App Alerts တွေကို ပြသပေးနိုင်ပြီး သီချင်းတွေကို ထိန်းချုပ်နိုင်ပါတယ်။ NFC Payment ထောက်ပံ့ထားပြီး စမတ်နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်ပါတယ်။ Huawei Watch Fit New ကို ၇၉၉ ယွမ် သတ်မှတ်ထားတာက အရင်မော်ဒယ်နဲ့ တူညီပါတယ်။ မြန်မာငွေ ၂ သိန်း ၃ သောင်းလောက်ကျသင့်ပြီး Grapefruit Red, Island Blue, Pink Cherry နဲ့ Obsidian Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

blank

Ref : gizmochina

%d bloggers like this: