Xiaomi က Watch Color 2 စမတ်နာရီကို ကြေညာ

Xiaomi က Watch Color 2 စမတ်နာရီကို ကြေညာလိုက်ပါတယ်။ ၁.၄၃ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 326ppi ထောက်ပံ့ထားပါတယ်။ စမတ်နာရီမှာ Watch Faces ပေါင်း ၂၀၀ ကျော် ထည့်သွင်းထားပြီး လက်ပတ်ကြိုးအရောင် ၆ မျိုး ရွေးချယ်နိုင်ပါတယ်။

Xiaomi Watch 2 unveiled with third-party app, new TWS headset with 40 dB noise cancelling also launches

ဖုန်းက Notification တွေကို စမတ်နာရီမှာ ကြည့်ရှုနိုင်ပြီး ဘလူးတု ဆက်သွယ်မှုကနေ ဖုန်းပြောနိုင်ပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး Sports Mode ပေါင်း ၁၁၇ ခု ထောက်ပံ့ထားပါတယ်။ Dual-band GPS ကနေ Outdoor Tracking ပြုလုပ်နိုင်ပါတယ်။

470mAh ဘက်ထရီက GPS Tracking ဖွင့်ထားရင် နာရီ ၃၀ အသုံးခံပါတယ်။ (အရင်မျိုးဆက် Xiaomi Mi Watch မှာ 420mAh ဘက်ထရီ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ )သာမာန် သုံးရင် ၁၂ ရက်နဲ့ Extended Mode ကို ဖွင့်ထားရင် ၂၄ ရက် အသုံးခံပါတယ်။ နှလုံးခုန်နှုန်းကို အချိန်ပြည့်တိုင်းတာပေးနိုင်ပြီး သွေးတွင်း အောက်ဆီဂျင် ပမာဏတိုင်းတာပေးတာက ကိုဗစ်ကာလမှာ အသုံးဝင်ပါတယ်။ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းကို တွက်ချက်ပေးနိုင်ပါတယ်။

Xiaomi Watch Color 2 ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၃၀ ရက်နေ့ ရောင်းချပေးမှာပါ။ ယွမ် ၁၀၀၀ သတ်မှတ်ထားပြီး ၂ သိန်း ၉ သောင်းလောက်ကျသင့်မှာပါ။ အစောဆုံး ဝယ်ယူသူတွေအတွက် ယွမ် ၉၀၀ နဲ့ ရရှိမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: