60W Fast Charging ပါတဲ့ OPPO K9 Pro ကို ကြေညာ

OPPO က K9 Pro ကို ကြေညာလိုက်ပြီး Mediatek Dimensity 1200 Chipset မောင်းနှင်ထားပါတယ်။ ၆.၄၃ လက်မ OLED Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ HDR10 ပါလာပြီး အမြင့်ဆုံး Brightness အနေနဲ့ 800 nits ထည့်သွင်းထားပါတယ်။

Oppo K9 Pro is official with Dimensity 1200, 60W fast charging60W Fast Charging ပါတဲ့ OPPO K9 Pro ကို ကြေညာ

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ 4,500mAh ဘက်ထရီ ပါလာပြီး 60W Fast Charging ထောက်ပံ့ထားပါတယ်။

Oppo K9 Pro is official with Dimensity 1200, 60W fast charging

OPPO K9 Pro မှာ အပူချိန်ကို ၁၇ ဒီဂရီ ဆယ်လ်ဆီးယပ် အထိ လျှော့ချပေးနိုင်တဲ့ 14,000 sq mm Vapor Chamber Cooling ထည့်သွင်းထားပြီး Android 11 အခြေပြု ColorOS 11.3 မောင်းနှင်ထားပါတယ်။

OPPO K9 Pro အတွက် Obsidian Black နဲ့ Glacier Blue ၂ ရောင် ထုတ်လုပ်ထားပြီး 8/128GB Version ကို ၂,၁၉၉ ယွမ်နဲ့ 12/256GB Version ကို ၂,၆၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆ သိန်း ၄ သောင်းနဲ့ ၇ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး OPPO China Website နဲ့ နာမည်ကြီး အွန်လိုင်း စတိုးတွေမှာ ရောင်းချပေးနေပါပြီ။

Ref : gsmarena

%d bloggers like this: