Honor က တက်ဘလက် အသစ် ၁ လုံးကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ Honor Pad V7 လို့ နာမည်ပေးထားပြီး နောက်ဆုံးထုတ် MediaTek Kompanio 900T 6nm SoC မောင်းနှင်ထားကာ 5G ပါပါတယ်။ ၁၀.၄ လက်မ WUXGA+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Android 11 အခြေပြု MagicUI 5.0 ပါလာပြီး တက်ဘလက်တွေမှာ သုံးလို့ ကောင်းအောင် ဖန်တီးပေးထားပါတယ်။ Landscape Mode ထောက်ပံ့တဲ့ App ပေါင်း ၄ ထောင်ကျော်ကို အသုံးပြုနိုင်မှာပါ။
တက်ဘလက်မှာ Dual-mode 5G , WiFi 6 တွေ ထောက်ပံ့ထားပြီး 22.5W Fast Charging ပါတဲ့ အရွယ်ကြီး 7250mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ Honor Magic Pencil 2 ထောက်ပံ့ထားပြီး 4096 Pressure Sensitivity Level ပါပါတယ်။ Bluetooth Keyboard နဲ့တွဲဖက် အသုံးပြုနိုင်ပါတယ်။
HONOR Pad V7 specifications
- 10.4-inch (2000×1200) WUXGA display with 90Hz refresh rate, HDR10
- MediaTek Kompanio 900T (2x A78 2.4 GHz + 6x A55 2.0 GHz) 6nm processor with Mali-G68 MC4 GPU
- 6GB / 8GB LPDDR4x RAM with 128GB storage
- Android 11 with MagicUI 5.0
- 13MP rear autofocus camera with f/1.8 aperture, LED flash
- 8MP front-facing camera with f/2.2 aperture
- Dimensions: 245.2×154.96×7.85mm
- USB Type-C audio, 4 Speakers
- 5G SA / NSA, 4G LTE (Optional), Wi-Fi 6 802.11 ax (2.4GHz + 5GHz), Bluetooth 5.1, GPS, Beidou, Glonass, GALILEO and multiple GNSS, USB Type-C
- 7250mAh battery with 22.5W fast charging
Honor Pad V7 အတွက် Blue, Titanium Silver နဲ့ Amber Gold ၃ ရောင်ထုတ်လုပ်ထားပြီး 6/128GB WiFi Version ကို ၁၉၉၉ ယွမ်၊ 8/128GB WiFi Version ကို ၂၂၉၉ ယွမ်၊ 6/128GB 5G Version ကို ၂၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၅ သိန်း ၈ သောင်းလောက် ကျသင့်မှာဖြစ်ပြီး တရုတ်မှာ ဒီလ ၃၀ ရက်နေ့ ရောင်းချမှာပါ။
Ref : fonearena
You must log in to post a comment.