စွမ်းရည်သင့် 5G ဖုန်း Samsung Galaxy M52 5G ကို ကြေညာပြီ

Samsung က ပိုလန်မှာ Galaxy M52 5G ကို တိတ်တဆိတ် ကြေညာလိုက်ပါတယ်။ မိတ်ဆက်ပွဲနဲ့ ကြေညာတာ မဟုတ်ဘဲ Samsung ရဲ့ ပိုလန် ဝက်ဘ်ဆိုက်မှာ တင်ထားတာပါ။ Galaxy M52 5G မှာ ၆.၇ လက်မ Super AMOLED Plus မျက်နှာပြင် တပ်ဆင်ထားပြီး FHD+ Resolution ပါပါတယ်။ Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး 120Hz Refresh Rate ပါတဲ့အတွက် Animation တွေ ချောမွတ်သလို ဂိမ်း ကစားရင် တုန့်ပြန်မှု ကောင်းမှာပါ။ ဘေးဘက်လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

Samsung Galaxy M52 5G deemed official in Poland

အနောက်ဘက်မှာ 64MP Main , 12MP Ultrawide  နဲ့ 5MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး စွမ်းရည်သင့် Qualcomm Snapdragon 778G 5G Chipset မောင်းနှင်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage ပါလာတဲ့အတွက် microSD Card စိုက်နိုင်ပါတယ်။

Samsung Galaxy M52 5G deemed official in Poland

Galaxy M52 5G မှာ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 25W Fast Charging ထောက်ပံ့ထားပါတယ်။ ဘူးထဲမှာ Charger မပါလာဘူးလို့ သိရပါတယ်။ ဆော့ဖ်ဝဲ အပိုင်းကို ပြောရရင် Android 11 အခြေပြု Samsung One UI 3.1 မောင်းနှင်ထားပါတယ်။

Galaxy M52 5G အတွက် အပြာ၊ အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး Samsung က ဈေးနှုန်းကို မပြောထားသေးပါဘူး။  တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃၀,၀၀၀ ရူပီး ဖြစ်မယ်လို့ သတင်းထွက်နေပြီး လက်ရှိ ပေါက်ဈေးအရ မြန်မာငွေ ၇ သိန်း ၅ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: