Censor လုပ်ဆောင်ချက်တွေပါတဲ့အတွက် တရုတ် ဖုန်းတွေကို မသုံးဖို့ လစ်သူရေးနီးယားက ပြော

လစ်သူရေးနီးယား အစိုးရက တရုတ် မိုဘိုင်း ဖုန်းတွေမှာ Censor လုပ်ဆောင်ချက်တွေ ပါတာကို တွေ့ရှိခဲ့ပြီးနောက် နိုင်ငံရဲ့ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ် ဖုန်းတွေ ဝယ်ယူတာ ရှောင်ကြဉ်ဖို့နဲ့ ဝယ်ယူထားသူတွေအတွက် စွန့်ပစ်လိုက်ဖို့ အကြံပေးလိုက်ပါတယ်။

တရုတ် စမတ်ဖုန်း ကုမ္ပဏီကြီး ၁ ခု ဖြစ်တဲ့ Xiaomi Corp ရဲ့ ဥရောပမှာ ရောင်းချထားတဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ “Free Tibet” , “Long live Taiwan independence” , “democracy movement” တို့လို စာသားတွေကို ပိတ်ပင်ထားတဲ့ လုပ်ဆောင်ချက်ပါလာတာတွေ့ရတယ်လို့ လစ်သူရေးနီးယား နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေး အဖွဲ့က ပြောပါတယ်။

အဲဒီ စွမ်းရည်မြင့် Xiaomi Mi 10T 5G  ဖုန်းရဲ့ ဆော့ဖ်ဝဲဟာ “European Union region” ကို ပိတ်ထားပါတယ်။ ဒါပေမယ့် အဝေးကနေ အချိန်မရွေး ဖွင့်ပေးလို့ရတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဆိုက်ဘာ လုံခြုံရေး အဖွဲ့က ပြောပါတယ်။

“ တရုတ် ဖုန်း အသစ်တွေကို မဝယ်ယူဖို့နဲ့ ဝယ်ထားသူတွေဟာ တတ်နိုင်သလောက် မြန်မြန် စွန့်ပစ်ဖို့ အကြံပေးချင်ပါတယ်။ “ လို့ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဖြစ်သူ Margiris Abukevicius က သတင်းထောက်တွေကို ပြောပါတယ်။

Xiaomi က ဒီကိစ္စနဲ့ ပတ်သက်ပြီး Reuters ရဲ့ မေးမြန်းချက်ကို မဖြေကြားသေးပါဘူး။

လစ်သူရေးနီးယားနဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေးဟာ မကြာခင်က တင်းမာလာခဲ့ပါတယ်။ တရုတ်ဟာ ဘေဂျင်းက လစ်သူရေးနီးယား သံအမတ်ကို ပြန်ခေါ်ဖို့ ပြီးခဲ့တဲ့ လက ညွှန်ကြားခဲ့ပါတယ်။ လစ်သူရေးနီးယား မြို့တော် Vinius က သံအမတ်တွေကိုလည်း တရုတ်က ပြန်ခေါ်မယ်လို့ ကြေညာခဲ့ပါတယ်။ ထိုင်ဝမ်က လစ်သူရေးနီးယားမှာ Taiwanese Representative Office လို့ခေါ်တဲ့ သံရုံးကို ဖွင့်လှစ်မယ်လို့ ကြေညာအပြီးမှာ အခုကိစ္စတွေ ဖြစ်လာတာပါ။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က တရုတ်ရဲ့ ဖိအားတွေအတွက် အထောက်အကူပေးမယ်လို့ လစ်သူရေးနီးယား ဝန်ကြီးချုပ် Ingrida Simonyte ကို ပြီးခဲ့တဲ့ ၁ ပတ်က ပြောခဲ့ပါတယ်။

လစ်သူရေးနီးယားရဲ့ ဆိုက်ဘာ လုံခြုံရေး အဖွဲ့က အထက်ဖော်ပြပါ Xiaomi ရဲ့  ဖုန်းဟာ Encrypted Phone Usage Data တွေကို စင်ကာပူက ဆာဗာ ၁ ခုထံ ပေးပို့နေတယ်လို့ ပြောပါတယ်။ တခြား တရုတ် ကုမ္ပဏီ ၁ ခုဖြစ်တဲ့ Huawei ရဲ့ P40 5G ဖုန်းမှာလည်း Security Flaw ၁ ခု တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒါမျိုးကို တရုတ် ဖုန်းကုမ္ပဏီ OnePlus ရဲ့ ဖုန်းမှာ မတွေ့ရဘူးလို့ သိရပါတယ်။

Huawei ရဲ့ Baltics မှ ပြောရေးဆိုခွင့်ရှိသူက သူတို့ ဖုန်းတွေဟာ User Data တွေကို ပြင်ပသို့ ပေးပို့တာ မရှိဘူးလို့ BNS news wire ကို ပြောပါတယ်။

Xiaomi ဖုန်းရဲ့ Default Internet Browser အပါအဝင် System Apps တွေဟာ တရုတ် Terms ပေါင်း ၄၄၉ ခုကို ပိတ်ပင်ထားပြီး စဉ်ဆက်မပြတ် Update လုပ်နေတယ်လို့ သိရပါတယ်။

လစ်သူရေးနီးယား ဆိုက်ဘာလုံခြုံရေး အဖွဲ့က ဒါဟာ လစ်သူရေးနီးယား အတွက်သာမကဘဲ Xiaomi Equipment သုံးတဲ့ နိုင်ငံအားလုံးအတွက် အရေးကြီးတယ်လို့ ပြောပါတယ်။

Ref : reuters

%d bloggers like this: