ဥရောပမှာ Xiaomi Pad 5 တွေ ၁၀ မိနစ်အတွင်း ရောင်းကုန်သွား

Xiaomi က ဩဂုတ်လမှာ Mi Pad 5 ကို တရုတ်မှာ ကြေညာခဲ့ပြီး ဒီလ ၁၅ ရက်နေ့မှာ ဥရောပအတွက် Pad 5 နာမည်နဲ့ ချပြခဲ့ပါတယ်။ ဒီလ ၂၃ ရက်နေ့ ဥရောပမှာ ပထမဆုံး အသုတ်ကို ရောင်းချပေးခဲ့ပြီး ၁၀ မိနစ်အတွင်း ရောင်းကုန်သွားပါတယ်။

Xiaomi Pad 5 sold out

ရောင်းချရတဲ့ အလုံးရေကို Xiaomi က မပြောပေမယ့် ကိုဗစ် ကာလမှာ ဒီလို တက်ဘလက် ရောင်းအားကောင်းတာ အံ့အားသင့်စရာ ကောင်းပါတယ်။ ၂၉၉ ယူရိုပဲရှိတဲ့အတွက် ဈေးချိုတယ်လို့ ပြောနိုင်ပါတယ်။

Xiaomi Mi Pad 5 Pro

Mi Pad 5 နဲ့ 5 Pro ရဲ့ Specs တွေကို ပြန်လည် လေ့လာချင်သူတွေအတွက် ထပ်မံ ဖော်ပြလိုက်ပါတယ်။ Mi Pad 5 နဲ့ Pad 5 Pro အတွက် WiFi Only နဲ့ 5G ပါတဲ့ မော်ဒယ်တွေ ထုတ်လုပ်ထားပါတယ်။ Pro မှာ Snapdragon 870 နဲ့ Pad 5 မှာ Snapdragon 860 Chipset တွေ မောင်းနှင်ထားတဲ့အတွက် စွမ်းရည်အပိုင်းမှာ တော်တော်မိုက်ပါတယ်။

Xiaomi Pad 5, Pad 5 Pro aim for glory with 11'' TrueTone display and aggresive prices

တက်ဘလက် ၂ လုံးစလုံးမှာ ၁၁ လက်မ 2560x1600p မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 10-bit Panel မှာ Dolby Vision နဲ့ HDR10 ပါလာပြီး 500 nits Brightness အထိ ထောက်ပံ့ထားပါတယ်။ အရောင်နဲ့ အလင်းရောင် အပိုင်းမှာ ပြည့်စုံစေတဲ့ TrueTone နည်းပညာ ပါလာပါတယ်။

blank

Pad 5 ရဲ့ အနောက်ဘက်မှာ 13MP ကင်မရာနဲ့ WiFi Only Pro မှာ 13MP Main နဲ့ 5MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ Pro 5G မှာ Main ကင်မရာကို 50MP နဲ့ အဆင့်မြှင့်ထားပြီး 5MP Ultrawide က အတူတူပါပဲ။

Pad 5 Series အားလုံးမှာ Magnectic Keyboard နဲ့ ဒစ်ဂျစ်တယ် ဘောပင် တပ်ဆင်နိုင်ပြီး ဘောပင်ရဲ့ ဘေးမှာ ခလုတ် ၂ ခု ပါပါတယ်။ 240Hz Touch Sampling Rate ထောက်ပံ့ထားပြီး Keyboard မှာ တစ်ခါအားသွင်းထားရင် ၈ နာရီ အသုံးခံတဲ့ ဘက်ထရီ ပါပါတယ်။ Pad 5 ရဲ့ အရောင်တွေနဲ့လိုက်အောင် Keyboard အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။

Pad 5 Pro ရဲ့ ဘက်ထရီက 8,600mAh ဖြစ်ပြီး 67W Fast Charging ထောက်ပံ့ထားပါတယ်။ တက်ဘလက်တွေထဲမှာ အမြန်ဆုံး အားသွင်းနှုန်း ဖြစ်ပါတယ်။ Pad 5 မှာတော့ နည်းနည်း ပိုကြီးတဲ့ 8,720mAh ဘက်ထရီ ပါလာပေမယ့် 33W Fast Charging ပဲ ထည့်ထားပါတယ်။ ဒါပေမယ့် တက်ဘလက် ၁ လုံးအတွက် တော်တော်မြန်တယ်လို့ ပြောရမှာပါ။

တက်ဘလက်တွေအတွက် အထူးထုတ်ထားတဲ့ MIUI Version မောင်းနှင်ထားပြီး App ၃၀၀ ကျော်အတွက် Multi-screen Support ပါလာပါတယ်။ Pad 5 Pro မှာ Dolby Atmos က Tune လုပ်ထားတဲ့ စပီကာ ၄ လုံး ထည့်သွင်းထားပါတယ်။

Ref : gizmochina

%d bloggers like this: