Caviar က သိန်း ၈၀၀ ကျော်တန် iPhone 13 Series ကို ရောင်းချ

Apple က ပြီးခဲ့တဲ့ ၁ ပတ်ကပဲ iPhone 13 Series ကို ကြေညာခဲ့ပြီး ဒီလ ၂၄ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ အခုတော့ နာမည်ကြီး စမတ်ဖုန်းတွေကို ရွှေ၊ ကျောက်သံပတ္တမြားတွေနဲ့ အလှဆင် ရောင်းချတဲ့ Caviar က iPhone 13 Pro Series ကို ကြေညာလိုက်ပါတယ်။

iPhone 13 series

မော်ဒယ်များစွာ ထုတ်လုပ်ထားပြီး တန်ဖိုးအကြီးဆုံးက ရွှေ ၁၈ ကာရက်နဲ့ အလှဆင်ထားတဲ့ iPhone 13 Pro/Pro Max ဖြစ်ပါတယ်။ အနုပညာ လက်ရာတွေ ခြယ်သထားတာက တော်တော်လှပပါတယ်။ iPhone 13 Pro Gold Edition ကို ၄၂,၂၆၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၇၀၀ ကျော်တန်ကြေးရှိပါတယ်။ 128GB/256GB/512GB/1TB စတဲ့ Storage Option ၄ မျိုး ရွေးချယ်နိုင်ပါတယ်။

iPhone 13 series

iPhone 13 Pro Max Gold Edition ကို ၄၆,၈၆၃ ဒေါ်လာ သတ်မှတ်ထားပြီး သိန်း ၈၀၀ ကျော် တန်ကြေးရှိပါတယ်။ 128GB/256GB/512GB/1TB စတဲ့ Storage Option ၄ မျိုး ထုတ်လုပ်ထားပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး iPhone 13 Series ဖြစ်ပါတယ်။

Caviar ဟာ ရုရှား အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး တန်ဖိုးကြီး ထုတ်ကုန်တွေကို ၂၀၁၁ ခုနှစ် ကတည်းက စတင် ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Apple , Samsung , Huawei တို့ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေကို ရွှေ၊ ကျောက်သံပတ္တမြားတွေနဲ့ အလှဆင် ရောင်းချပေးခဲ့ပါတယ်။

Ref : gizchina

%d bloggers like this: