iPhone 13 Series ရဲ့ ဘက်ထရီ ပမာဏတွေ ထွက်ပေါ်လာ

Apple ဟာ ပြီးခဲ့တဲ့ ၁ ပတ်က iPhone 13 Series ကို ကြေညာခဲ့ပြီး ထုံးစံအတိုင်း ဘက်ထရီ ပမာဏတွေကို မပြောသွားခဲ့ပါဘူး။ အခုတော့ iPhone 13 Series ရဲ့ ဘက်ထရီ ပမာဏတွေ မှတ်ပုံတင် အဖွဲ့အစည်း ၁ ခုကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

iPhone 13 Series တွေရဲ့ ဘက်ထရီ ပမာဏတွေဟာ အရင်မျိုးဆက် iPhone 12 Series ထက် တိုးတက်လာတာ မြင်ရပါတယ်။ အများဆုံး တိုးတက်လာတာက iPhone 13 Pro Max  ဖြစ်ပြီး 4373mAh ဘက်ထရီ ပါလာပါတယ်။ အရင်မျိုးဆက်ထက် ၁၈.၅ ရာခိုင်နှုန်း တိုးတက်လာတာပါ။ iPhone 13 mini က တိုးတက်မှု အနည်းဆုံး ဖြစ်ပြီး 2438mAh ဘက်ထရီ ပါလာကာ ၉ ရာခိုင်နှုန်းပဲ တိုးတက်လာပါတယ်။

Apple introduces iPhone 13 and iPhone 13 mini - Apple

iPhone 13 မှာ 3240mAh ဘက်ထရီနဲ့ iPhone 13 Pro မှာ 3125mAh ဘက်ထရီတွေ တပ်ဆင်ထားပြီး ၁၅ နဲ့ ၁၁ ရာခိုင်နှုန်း အသီးသီး တိုးတက်လာပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီ ၁ ခါ iPhone 13 နဲ့ 13 Pro မှာ မတူညီတဲ့ ဘက်ထရီ ထည့်သွင်းထားတာပါ။ ဒါပေမယ့် အများကြီး ကွာခြားတာတော့ မဟုတ်ပါဘူး။

Ref : gsmarena

%d bloggers like this: