Xiaomi က Mi Smart Band 6 NFC ကို ကြေညာ

Xiaomi က 11T Series ၊ Pad 5 နဲ့အတူ Mi Smart Band 6 NFC ကို ကြေညာလိုက်ပါတယ်။ Mi Smart Band 6 NFC မှာ Alexa Voice Assistant ပါလာပြီး ဒီဇိုင်းနဲ့ Specification တွေက မူလ Mi Band 6 နဲ့ တူညီပါတယ်။ NFC Version အသစ်မှာ NFC Payment ပါလာပြီး Mastercard နဲ့ ပူးပေါင်းထားပါတယ်။

၁.၅၃ လက်မ AMOLED Touch Scren တပ်ဆငထားပြီး နှလုံးခုန်နှုန်း၊ ခြေလှမ်း၊ ကိုယ်လက်လှုပ်ရှားမှုတွေကို တွက်ချက်ပေးနိုင်ပါတယ်။ ဖုန်းနဲ့ ချိတ်ဆက်ထားရင် Incoming Call အတွက် Notification ပေးပို့နိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးနိုင်တာက ကိုဗစ် ကာလမှာ အသုံးဝင်ပြီး အိပ်စက်မှု အခြေအနေကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် ပါပါတယ်။

Fitness Mode ပေါင်း ၃၀ ထည့်သွင်းထားပြီး အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်းကို တွက်ချက်ပေးနိုင်ပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး 125mAh ဘက်ထရီက ၁၂ ရက် အသုံးခံပါတယ်။ Mi Smart Band 6 NFC ကို ၅၄.၉ ယူရို သတ်မှတ်ထားပြီး ၁၁၈,၀၀၀ ကျပ်လောက် ကျသင့်မှာပါ။

Mi Smart Band 6 NFC specifications

  • 1.53-inch (152 × 486 pixels) AMOLED 24bit color touch screen display with up to ≥450 nits brightness, 3D scratch-resistant glass, AF coating, 326PPI
  • Shows time, steps, heart rate, activities, weather, notifications from apps, calls and more
  • Photoplethysmography (PPG) / Heart rate sensor, Blood oxygen sensor
  • 24-hour sleep tracking with REM and sleep breathing quality, fitness tracking, Sedentary reminder
  • 30 fitness modes (outdoor running, walking, cycling, indoor running, swimming, exercise, indoor cycling, elliptical machine, skipping rope, yoga, rowing machine, Indoor fitness, Indoor ice skating, HIIT, Core training, Stretching, Stepper, Gymnastics, Pilates, Street dance, Dance, Zumba, Cricket, Bowling, Basketball, Volleyball, Table tennis, Badminton, Boxing and Kickboxing)
  • 6 automatic fitness tracking (walking, treadmill, outdoor running, outdoor cycling, rowing machine, and elliptical machine)
  • PAI health analysis, Women’s health tracking: Menstrual cycle,
  • Tri-axis Accelerometer + Tri-axis Gyro, Capacitive Wear Monitoring Sensor, Pressure assessment, Breathing training, Remote shutter control
  • Alexa voice assistant
  • 5ATM (50 meters) water resistant
  • Bluetooth 5.0 LE, NFC (Master Card payments only)
  • Dimensions: 47.4 × 18.6 × 12.7mm; Weight: 12.8g
  • 125mAh battery with up to 12 days of battery life

Ref : fonearena

%d bloggers like this: