90Hz AMOLED မျက်နှာပြင်နဲ့ SD778G ပါတဲ့ Xiaomi 11 Lite 5G NE ကို ကြေညာ

Xiaomi က 11T Series တွေကို ကြေညာလိုက်ပြီး Xiaomi 11 Lite 5G NE လည်း ပါလာပါတယ်။ အရင်နှစ်ထုတ် Mi 11 Lite 5G ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး ၆.၅၅ လက်မ AMOLED Dot မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာပါတယ်။ 240Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်း ကစားရင် မျက်နှာပြင် တုန့်ပြန်မှု ကောင်းပါတယ်။

Snapdragon 778G 5G Chipset မောင်းနှင်ထားပြီး 8GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ Android 11 အခြေပြု MIUI 12.5 ပါလာပြီး ကိုယ်ထည်က အရမ်းပါးလွှာကာ ပေါ့ပါးပါတယ်။ အထူက ၆.၈၁ မီလီမီတာနဲ့ အလေးချိန်က ၁၅၈ ဂရမ် ရှိပါတယ်။

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide Angle နဲ့ 5MP Telemacro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး One-click AI Cinema, Cinematic Video Filters နဲ့ Vlog Mode အသစ်တွေ ထောက်ပံ့ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 33W Fast Charging ပါတဲ့ 4250mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Xiaomi 11 lite 5G NE - Xiaomi Global Official

Xiaomi 11 Lite 5G NE specifications

  • 6.55-inch (1080 × 2400 pixels) Full HD+ 20:9 AMOLED screen with 90Hz refresh rate, Normal 500nits (typ) / up to 800nits (High Brightness mode), Dolby Vision, HDR10+, Supports sRGB 100% (typ), supports DCI-P3 color gamut, Corning Gorilla Glass 5 protection
  • Octa Core (4 x 2.4GHz + 4 x 1.8GHz Kryo 670 CPUs) Snapdragon 778G 6nm Mobile Platform with Adreno 642L GPU
  • 6GB / 8GB LPDDR4X RAM with 128GB (UFS 2.2) storage / 8GB LPDDR4X RAM with 256GB (UFS 2.2) storage, expandable memory up to 1TB  with microSD
  • Android 11 with MIUI 12.5
  • Hybrid Dual SIM (nano + nano / microSD)
  • 64MP rear camera with f/1.79 aperture, LED Flash, 8MP 119° ultra-wide sensor with f/2.2 aperture, 5MP telemacro macro camera with Contrast AF (3cm-7cm), f/2.4 aperture
  • 20MP front camera with f/2.4 aperture
  • Side-mounted fingerprint sensor, IR sensor
  • USB Type-C audio, Stereo speakers
  • Dimensions: 160.53 x 75.73 x 6.81mm; Weight: 158g
  • 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax (2.4GHz + 5GHz), Bluetooth 5.2, GPS/GLONASS/Beidou/NavIC, USB Type-C, NFC
  • 4250mAh (typical) battery with 33W fast charging

Xiaomi 11 Lite 5G NE အတွက် While Truffle Black, Bubblegum Blue နဲ့ Peach Pink အရောင်တွေ အပြင် Snowflake White အရောင်အသစ် ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၃၆၉ ယူရိုနဲ့ 8/128GB ကို ၃၉၉ ယူရို သတ်မှတ်ထားပြီး ၇ သိန်း ၉ သောင်းနဲ့ ၈ သိန်း ၅ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ တချို့နိုင်ငံတွေမှာ 8/256GB Version ကိုလည်း ရောင်းချမှာဖြစ်ပြီး ဥရောပမှာ မကြာခင် ဝယ်ယူနိုင်မှာပါ။

Ref : fonearena

%d bloggers like this: