50MP ကင်မရာနဲ့ 5,000mAh ဘက်ထရီ ပါတဲ့ realme C25Y ကို ကြေညာ

realme က အိန္ဒိယမှာ C Series စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ realme C25Y လို့ နာမည်ပေးထားပြီး ၆.၅ လက်မ HD+ မျက်နှာပြင်၊ Unisoc T610 SoC ၊ Mali-G52 GPU ၊ 4GB LPDDR4X RAM ၊ 64GB Internal Storage နဲ့ Android 11 အခြေပြု realme UI တွေ ထည့်သွင်းထားပါတယ်။

C21Y ရဲ့ 13MP ကင်မရာ အစား C25Y မှာ 50MP ကင်မရာနဲ့အစားထိုးထားပြီး 2MP Macro , 2MP B&W ကင်မရာ ၂ လုံးနဲ့ အားဖြည့်ထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ မြှပ်နှံထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Reverse Charging ပါတဲ့အတွက် တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။ 18W Charging ပါလာတာ မဆိုးဘူးလို့ ပြောနိုင်ပေမယ့် micro USB Port ပဲ ပါလာတာက ဒီခေတ်မှာ ဒိတ်အောက်နေပါပြီ။

Realme C25YRealme C25Y

realme C25Y specifications

  • 6.5-inch (1600 x 720 pixels) HD+ dewdrop display with 88.70% Screen-to-Body Ratio, 400nits (Typ) Brightness, 65% NTSC colour gamut
  • Octa-core 12nm UNISOC T610 processor – Dual Core Cortex A75 and Six Core Cortex A55 clocked up to 1.8GHz with Mali-G52 GPU
  • 4GB LPDDR4X RAM, 64GB / 128GB (eMMC 5.1) internal storage, expandable memory with microSD
  • Dual SIM (nano + nano + microSD)
  • realme UI based on Android 11
  • 50MP (primary with f/1.8 aperture) + 2MP (macro with f/2.4 aperture) + 2MP (B&W with f/2.4 aperture)
  • 8MP front camera with f/2.0 aperture
  • Rear-mounted fingerprint scanner
  • Dimensions: 164.5×76×9.1mm; Weight: 200g
  • 3.5mm audio jack
  • Rear-mounted fingerprint scanner
  • Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5, GPS/AGPS/ GLONASS/ Beidou, micro USB
  • 5000mAh battery with 18W charging and support for reverse charging

realme C25Y အတွက် Glacier Blue နဲ့ Metal Gray ၂ ရောင် ထုတ်လုပ်ထားပြီး 4/64GB ကို ၁၀,၉၉၉ ရူပီးနဲ့ 4/128GB ကို ၁၁,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်းလောက်အသီးသီး ကျသင့်နိုင်ပါတယ်။

Ref : fonearena

%d bloggers like this: