Xiaomi က စွမ်းရည်မြင့် 11T နဲ့ 11T Pro ကို ကြေညာလိုက်ပြီး ၂ လုံးစလုံးမှာ ၆.၆၇ လက်မ FHD+ 120Hz AdaptiveSync AMOLED Flat မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ HDR10+ ထောက်ပံ့ထားပြီး အမြင့်ဆုံး အနေနဲ့ 1000 nits Brightness ထုတ်လုပ်ပေးပါတယ်။ 480Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်း ကစားရင် ရှယ်လန်းပါတယ်။ Pro မှာ Dolby Vision ပါလာပြီး DisplayMate A+ Rating ရထားပါတယ်။
ဖုန်း ၂ လုံးစလုံးမှာ Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ 11T မှာ MediaTek Dimensity 1200-ultra SoC နဲ့ Pro မှာ Snapdragon 888 SoC တွေ မောင်းနှင်ထားပါတယ်။ ၂ လုံးစလုံးမှာ Android 11 အခြေပြု MIUI 12.5 မောင်းနှင်ထားပြီး Xiaomi က Android OS Update ၃ ခုနဲ့ Security Update ကို ၄ နှစ်ကြာ ထည့်သွင်းပေးမယ်လို့ အတည်ပြုထားပါတယ်။
၂ လုံးစလုံးမှာ 108MP Wide-angle , 8MP 120 Degree Ultra-wide Angle နဲ့ 5MP 2x Telemacro ကင်မရာတွေ ထည့်သွင်းထားပြီး AI Cinema Modes, 8K Recording နဲ့ HDR10+ ထောက်ပံ့ထားပါတယ်။ Time Freeze , Magic Zoom တို့လို AI Cinema Mode တွေ ထည့်သွင်းထားပါတယ်။ Pro မှာ Harman Kardon ရဲ့ အသံစနစ် ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 5,000mAh ဘက်ထရီတွေ တပ်ဆင်ထားပါတယ်။
11T Pro မှာ ၁၇ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ 120W Xiaomi HyperCharge နည်းပညာ ထည့်သွင်းထားပါတယ်။ 11T မှာတော့ 67W Wired Turbo Charging ထောက်ပံ့ထားပြီး ၃၆ မိနစ်မှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ဘူးထဲမှာ Charger တွေ ထည့်သွင်းပေးထားပါတယ်။
Xiaomi 11T and 11T Pro specifications
- 6.67-inch (2400 × 1080 pixels) Full HD+ AMOLED screen with 120Hz adaptive refresh rate, 800 nits (typ) / 1000 nits max brightness, Dolby Vision, MEMC, P3 wide color in Pro model, Corning Gorilla Glass Victus protection
- 11T – Up to 3GHz Octa Core MediaTek Dimensity 1200- Ultra 6nm processor with ARM G77 MC9 GPU
- 11T Pro – Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
- 8GB LPDDR5 (LPDDR4X in 11T) RAM with 128GB / 256GB UFS 3.1 storage, 12GB LPDDR5 RAM with256GB UFS 3.1 storage (11T Pro only)
- Dual SIM (nano + nano)
- MIUI 12.5 based on Android 11
- 108MP rear camera with 1/1.52″ sensor, f/1.75 aperture, LED flash, 8MP 120° ultra-wide angle lens with f/2.2 aperture, 5MP telemacro AF (3cm-7cm) camera with f/2.4 aperture
- 16MP front-facing camera with f/2.45 aperture
- Side-mounted fingerprint sensor, IR sensor
- USB Type-C audio, Stereo speakers, Dolby Atmos (11T Pro only), SOUND BY Harman Kardon (11T Pro only)
- Dimensions: 164.1×76.9×8.8mm; Weight: 203g (11) ; 204g (11T Pro)
- 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax (2.4GHz + 5GHz), Bluetooth 5.2, GPS (L1 + L5), NFC, USB Type-C
- 5000mAh (Typical) battery with 120W (11T Pro) /
67W (11T) Xiaomi HyperCharge
11T နဲ့ 11T Pro အတွက် Meteorite Gray, Moonlight White နဲ့ Celestial Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်အနေနဲ့ 11T ဟာ ၁၀ သိန်း ၈ သောင်းနဲ့ 11T Pro ဟာ ၁၄ သိန်းလောက် ကျသင့်မှာဖြစ်ပြီး မကြာခင် ဥရောပမှာ ရောင်းမှာပါ။
Xiaomi 11T / 11T Pro Price and Availability
- Xiaomi 11T
-
- 8GB + 128GB – €499
- 8GB + 256GB – €549
- Xiaomi 11T Pro
-
- 8GB + 128GB – €649
- 8GB + 256GB – €699
- 12GB + 256GB – €749
Ref : fonearena
You must log in to post a comment.