120Hz Super Retina XDR မျက်နှာပြင်နဲ့ A15 Bionic ပါတဲ့ iPhone 13 Pro နဲ့ iPhone 13 Pro Max ကို ကြေညာ

သတင်းများစွာထွက်နေတဲ့ iPhone 13 Pro နဲ့ 13 Pro Max ကို Apple က တရားဝင် ကြေညာလိုက်ပါပြီ။ ၂ လုံးစလုံးမှာ 5G ဆက်သွယ်မှု ပါလာပြီး မျက်နှာပြင်တွေကို အဆင့်မြှင့်ထားပါတယ်။ Apple A15 Bionic Chip မောင်းနှင်ထားပြီး ဘက်ထရီတွေ ပိုကြီးလာပါတယ်။ iPhone 13 Pro မှာ ၆.၁ လက်မနဲ့ iPhone 13 Pro Max မှာ ၆.၇ လက်မ OLED Super Retina XDR မျက်နှာပြင်တွေ ထည့်သွင်းထားပြီး 10Hz ကနေ 120Hz Refresh Rate ကို အလိုလို ပြောင်းလဲပေးနိုင်ပါတယ်။ Outdoor Brightness က ၂၅ ရာခိုင်နှုန်း ပိုကောင်းလာပြီး ထွက်ဖူးသမျှ iPhone တွေထဲမှာ Brightness အကောင်းဆုံး ဖြစ်ပါတယ်။

A15 Bionic 5nm Chip မှာ CPU Core ၆ လုံး၊ GPU Core  ၅ လုံး၊ Neural Engine Core ၁၆ လုံး တပ်ဆင်ထားပြီး IP68 စံနှုန်း ပါတဲ့အတွက် ရေအနက် ၆ မီတာမှာ မိနစ် ၃၀ အသုံးပြုနိုင်ပါတယ်။ ကင်မရာအကြောင်းပြောရရင် iPhone 13 Pro Series မှာ Wide ကင်မရာ အသစ် ပါလာပြီး Low Light အခြေအနေတွေမှာ အများကြီးတိုးတက်လာပါတယ်။ ၂ လုံးစလုံးမှာ Sensor-shift Optical Image Stabilization (OIS) ထည့်သွင်းထားပါတယ်။

Ultrawide ကင်မရာမှာ Autofocus System အသစ် ပါလာပြီး Low Light အခြေအနေတွေမှာ ၉၂ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ ပိုတောက်ပ၊ ပိုကြည်လင်ပြတ်သားတဲ့ ရုပ်ပုံတွေကို ဖမ်းယူပေးနိုင်ပါတယ်။ 77mm Telephoto ကင်မရာ အသစ်က 6x Optical Zoom ထောက်ပံ့ပေးနိုင်ပါတယ်။

blank

Apple iPhone 13 Pro and iPhone 13 Pro Max specifications

  • iPhone 13 Pro- 6.1-inch (2532×1170 pixels) OLED 460ppi Super Retina XDR display with ProMotion with adaptive refresh rates up to 120Hz, 1000 nits brightness, up to 1200 nits brightness, HDR, Ceramic Shield protection
  • iPhone 13 Pro Max -6.7-inch (2778×1284 pixels) OLED 458ppi Super Retina XDR display with ProMotion with adaptive refresh rates up to 120Hz, 1000 nits brightness, up to 1200 nits brightness, Ceramic Shield protection
  • Six-Core A15 (2 performance and 4 efficiency cores) Bionic 5nm chip with 64-bit architecture, 5‑core GPU, 16‑core Neural Engine
  • 128GB,256GB, 512GB and 1TB storage options
  • iOS 15
  • Water and dust resistant (IP68)
  • Dual SIM (nano + eSIM)
  • 12MP wide-angle (f/1.5) camera, 7P lens, Sensor‑shift optical image stabilisation, True Tone flash, HDR video recording with Dolby Vision at 4K 60 fps, Slo‑mo 1080p at 240fps, 12MP 120° Ultra Wide (f/1.8) camera, 5P lens, 12MP Telephoto camera with f/2.8 aperture with 3x optical zoom for a total 6x optical zoom range, Night mode portraits enabled by LiDAR Scanner
  • 12MP TrueDepth front camera with f/2.2 aperture, Retina Flash, 4K video recording at 60 fps, Slo‑mo 1080p at 120fps
  • iPhone 13 Pro dimensions: 146.7 ×71.5×7.65mm; Weight: 203grams
  • iPhone 13 Pro Max dimensions: 160.8 ×78.1×7.65mm; Weight: 238grams
  • TrueDepth camera for FaceID facial recognition, Stereo speakers
  • 5G (sub‑6 GHz), Gigabit-class LTE, 802.11ax Wi‑Fi 6 with 2×2 MIMO, Bluetooth 5.0, Ultra Wideband chip for spatial awareness, NFC with reader mode, GPS with GLONASS
  • Built-in rechargeable lithium-ion battery with MagSafe wireless charging, fast charging, up to 22 hours (iPhone 13 Pro) / 28 hours (iPhone 13 Pro Max) of video playback

ဈေးနှုန်း

iPhone 13 Pro နဲ့ 13 Pro Max အတွက် Graphite, Gold, Silver နဲ့ Sierra Blue အရောင်တွေ ထုတ်လုပ်ထားပြီး 128GB , 256GB , 512GB နဲ့ 1TB Storage တွေ ရွေးချယ်နိုင်ပါတယ်။

  • iPhone 13 Pro 128GB– Rs. 1,19,900
  • iPhone 13 Pro 256GB– Rs. 1,29,900
  • iPhone 13 Pro 512GB – Rs. 1,49,900
  • iPhone 13 Pro 1TB – Rs. 1,69,900
  • iPhone 13 Pro Max 128GB– Rs. 1,29,900
  • iPhone 13 Pro Max 256GB– Rs. 1,39,900
  • iPhone 13 Pro Max 512GB – Rs. 1,59,900
  • iPhone 13 Pro Max 1TB – Rs. 1,79,900

တန်ဖိုးအနည်းဆုံး မော်ဒယ်အနေနဲ့ iPhone 13 Pro ဟာ သိန်း ၃၀ နဲ့ iPhone 13 Pro Max ဟာ  ၃၂ သိန်း ၇ သောင်းလောက် တန်ကြေးရှိပါတယ်။ အိန္ဒိယမှာ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၂၄ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: