100W Fast Charging ပါလာမယ့် Redmi K50

Leakster ၁ ယောက် ဖြစ်တဲ့ Digital Chat Station က Redmi K50 မော်ဒယ် ၁ လုံးမှာ Snapdragon 870 Chipset , ၆.၇ လက်မ 120Hz OLED မျက်နှာပြင်ပါလာမယ်လို့ မကြာခင်က သတင်းပေးခဲ့ပါတယ်။ Xiaomi က စွမ်းရည်မြင့် Mi ဖုန်းတွေနဲ့ Black Shark ဖုန်းတွေမှာပဲ 120W Charging ကို ထည့်သွင်းပေးထားပြီး Redmi ဖုန်းတွေမှာတော့ 100W အောက်ပဲ ထည့်သွင်းပေးထားပါတယ်။ အခုတော့ Redmi K50 Series မှာ 100W Charging ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Redmi K50 ဟာ 100W Charging ပါတဲ့ ပထမဆုံး Redmi Series စမတ်ဖုန်း ဖြစ်လာမှာပါ။

The current Redmi K40

Redmi K50 မှာ IP68 စံနှုန်း ထောက်ပံ့ထားမှာ ဖြစ်ပြီး စတီရီယို စပီကာတွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ရရင် K40 မော်ဒယ်တွေမှာ IP53 စံနှုန်းနဲ့ 67W Charging ပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Redmi K40 and Redmi K40 Pro launched: price, specifications

စွမ်းရည် အမြင့်ဆုံး Redmi K50 မော်ဒယ်မှာ Snapdragon 898 Chipset နဲ့ နောက်ထပ် မော်ဒယ်တွေမှာ Snapdragon 888 နဲ့ 870 Chipset တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ K50 မော်ဒယ် ၃ လုံးစလုံးမှာ 100W Charging ထည့်သွင်းထားမလား၊ စွမ်းရည် အမြင့်ဆုံး မော်ဒယ်မှာပဲ ထည့်သွင်းထားမလား ဆိုတာ မသိရသေးပါဘူး။ အရင်သတင်းတွေအရ 67W Charging ပါလာမယ်လို့လည်း သိရပါတယ်။ စွမ်းရည် အမြင့်ဆုံး မော်ဒယ်မှာ 108MP Main ကင်မရာနဲ့ တခြား မော်ဒယ်တွေမှာ 48MP ကင်မရာ ပါလာနိုင်ပါတယ်။

Xiaomi ဟာ တရုတ်မှာ Redmi K50 Series နာမည်နဲ့ ကြေညာမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ နာမည်ပြောင်းကာ ရောင်းချမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ Poco F3 ဟာ Redmi K40 ကို နာမည်ပြောင်း ရောင်းချထားတာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: