120W Fast Charging ပါလာမှာ သေချာသွားတဲ့ Xiaomi 11T Pro

Xiaomi Mi 11T Pro မှာ 120W Fast Charging ပါလာမယ်လို့ သတင်းထွက်ခဲ့ပြီး ကုမ္ပဏီက အဲဒီနည်းပညာကို  HyperCharge လို့ နာမည်ပေးထားပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ သတင်းကို တွစ်တာကနေ အတည်ပြုလိုက်ပြီ ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ ကြေညာမှာပါ။

မူလ Mi 11 မော်ဒယ်မှာ 67W ပဲ ပါတဲ့အတွက် 11T Pro ဟာ ၂ ဆလောက်  ပိုမြန်လာမှာပါ။ ဘက်ထရီ ပမာဏကတော့ တူညီတဲ့ 5,000mAh ပဲ ပါလာနိုင်ပါတယ်။ Pro မော်ဒယ်ရဲ့ Wireless Charging အကြောင်း မသိရသေးပါဘူး။ မူလ Xiaomi 11 မှာ 50W Wireless Charging ထောက်ပံ့ထားတာ ဖြစ်ပါတယ်။

တွစ်တာမှာ Xiaomi 11T Pro လို့ပဲ ဖော်ပြထားတဲ့အတွက် 11T မပါလာသေးပါဘူး။ Xiaomi ဟာ Mi 10 Ultra မှာလည်း 120W Charging ကို အသုံးပြုခဲ့ပါတယ်။ Mi 11 Ultra ထွက်လာမလား ဆိုတာ မသိရသေးပါဘူး။ နောက်ပိုင်းထုတ် Mix 4 နဲ့ Black Shark 4 မော်ဒယ် ၂ လုံးမှာလည်း အဲဒီ အားသွင်း နည်းပညာ ထည့်သွင်းထားပါသေးတယ်။

ပေါက်ကြားသတင်းတွေအရ Xiaomi 11T Pro မှာ Snapdragon 888 Chipset ပါလာနိုင်ပြီး မူလ 11 Pro နဲ့ တူညီသွားမှာပါ။ 11T မှာတော့ MediaTek Dimensity Chipset မောင်းနှင်ထားနိုင်ပါတယ်။ မော်ဒယ် ၂ လုံးစလုံးမှာ 120Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: