ဆိုင်ကယ် တုန်ခါမှုကြောင့် iPhone ကင်မရာ ပျက်ဆီးနိုင်တယ်လို့ Apple သတိပေး

Apple က အံ့အားသင့်စရာ ကြေညာချက် တစ်ခုကို  ထုတ်ပြန်လိုက်ပါတယ်။ ဒီလောက် အကြမ်းခံအောင် တည်ဆောက်ထားတဲ့ iPhone ရဲ့ ကင်မရာဟာ ဆိုင်ကယ်တုန်ခါမှုကြောင့် ထိခိုက်ပျက်ဆီးနိုင်တယ်ဆိုတာပါပဲ။ စွမ်းရည်မြင့် ဆိုင်ကယ်တွေမှာ Mount လုပ်ပြီး တပ်ဆင် အသုံးပြုတဲ့ အနေအထားမှာ ပျက်ဆီးနိုင်တာ ဖြစ်ပြီး အီလက်ထရစ်နဲ့ စွမ်းရည်နိမ့် ဆိုင်ကယ်တွေမှာတော့ ပြဿနာ မရှိပါဘူး။

Apple က iPhone ကင်မရာရဲ့ Optical Image Stabilization (OIS) နဲ့ Closed-loop Autofocus (AF) တွေဟာ ပြင်းထန်တဲ့ တုန်ခါမှုကြောင့် ပျက်ဆီးနိုင်ပါတယ်။ အခန့်မသင့်ရင် လုံးဝ သုံးလို့ မရအောင် ဖြစ်သွားနိုင်ပါတယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ OIS နဲ့ AF မှာ Gyroscopes နဲ့ Magnetic Sensors တွေကို အသုံးပြုထားတဲ့အတွက် တုန်ခါမှုကြောင့် ပျက်ဆီးနိုင်တာပါ။

iPhone 12 cameras

Apple က စွမ်းရည်မြင့် ဆိုင်ကယ်ရဲ့ လက်ကိုင်နဲ့ ကိုယ်ထည်မှာ iPhone ကို တိုက်ရိုက် တပ်ဆင် အသုံးမပြုဖို့ အကြံပေးထားပါတယ်။ Apple က စွမ်းရည်နိမ့် မော်တော်ဆိုင်ကယ်တွေမှာ iPhone တပ်ဆင် အသုံးပြုမယ်ဆိုရင်လည်း တုန်ခါမှု ခံနိုင်တဲ့ Mount ကို အသုံးပြုဖို့ ပြောထားပါတယ်။

iPhone 7 နဲ့ နောက်ပိုင်းထုတ် iPhone မော်ဒယ်တွေနဲ့ iPhone 6 Plus, iPhone 6s Plus မှာ OIS နဲ့ Closed-loop AF ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

ref : macrumors

%d bloggers like this: