120Hz AMOLED နဲ့ SD888+ ပါတဲ့ vivo X70 Pro+ ကို ကြေညာ

vivo က ကင်မရာ အသားပေး X70 Pro+ ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Snapdragon 888+ Chipset မောင်းနှင်ထားပါတယ်။ ၆.၇၈ လက်မ AMOLED 1440x3200p မျက်နှာပြင် ပါလာပြီး HDR ထောက်ပံ့ထားပါတယ်။ LTPO Panel ဖြစ်တဲ့အတွက် 1Hz ကနေ 120Hz Refresh Rate ကို ပြောင်းလဲပေးနိုင်ပါတယ်။ 300Hz Touch Sampling ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်းကောင်းပါတယ်။

vivo X70 Pro+ goes live with SD888+, 1440p+ LTPO display and custom V1 image processor chip

4,500mAh ဘက်ထရီ တပ်ဆင်ထားပြီး 55W Fast Charging နဲ့ 50W Wireless Charging ပါပါတယ်။ အနောက်ဘက် ပင်မ ကင်မရာက 50MP ဖြစ်ပြီး 48MP Ultrawide ကင်မရာမှာ Gimbal Stabilization ထောက်ပံ့ထားပါတယ်။ အဲဒါတွေနဲ့အတူ 12MP Portrait နဲ့ 8MP Periscope(OIS, 5x Optical Zoom , 60x Super Zoom, Laser Autofocus) ကင်မရာ ၂ လုံးနဲ့အားဖြည့်ထားပါတယ်။ အဲဒီ ကင်မရာတွေမှာ AI လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

vivo X70 Pro+ goes live with SD888+, 1440p+ LTPO display and custom V1 image processor chip

IP68 စံနှုန်း ထောက်ပံ့ထားပြီး အနောက်ဘက်ကို သားရေနဲ့ ဖုံးအုပ်ထားပါတယ်။ လိမ္မော်၊ အနက်နဲ့ အပြာ ၃ ရောင် ထုတ်လုပ်ထားပါတယ်။ 8GB or 12GB LPDDR5 RAM နဲ့ 256GB or 512GB UFS 3.1 Storage တွေ ထည့်သွင်းထားပြီး Android 11 အခြေပြု Origin OS 1.0 မောင်းနှင်ထားပါတယ်။

vivo X70 Pro+ goes live with SD888+, 1440p+ LTPO display and custom V1 image processor chip

တရုတ်မှာ ဒီလ နှောင်းပိုင်း ရောင်းမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး 8/256GB Version ကို ၅,၅၀၀ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၅ သိန်းလောက် ရှိတဲ့အတွက် ဈေးတော်တော်မြောက်ပါတယ်။ 12/256GB ကို ၆,၀၀၀ ယွမ်နဲ့ 12/512GB ကို ၇,၀၀၀ ယွမ် သတ်မှတ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: