၁၀ လက်မ မျက်နှာပြင်၊ ပါးပါးလွှာလွှာ ကိုယ်ထည်နဲ့ ထွက်လာတဲ့ realme Pad

သတင်းများစွာ ထွက်နေတဲ့ realme Pad ကို နောက်ဆုံးတော့ တရားဝင် ကြေညာလိုက်ပါပြီ။ realme ရဲ့ ပထမဆုံး တက်ဘလက် အဖြစ် မှတ်တမ်းဝင်သွားပြီး ၁၀.၄ လက်မ IPS LCD 2000×1200 pxiel မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ၆.၉ လက်မ မီလီမီတာပဲရှိပြီး အရမ်းပါးလွှာတဲ့အတွက် ဒီဇိုင်း အရမ်း မိုက်ပါတယ်။

Realme Pad is here with 10-inch screen, ultra-slim body and exciting price

realme Pad မှာ MediaTek Helio G80 Chipset မောင်းနှင်ထားပြီး 3/4GB RAM , 32GB/64GB Storage တွေ ထုတ်လုပ်ထားပါတယ်။ ဒေတာတွေ ပိုသိမ်းနိုင်ဖို့ microSD Card စိုက်နိုင်ပါတယ်။

Realme Pad With 10.4-Inch Display Launched in India; Realme Cobble, Pocket Bluetooth Speakers Debut as Well | Technology News

အရှေ့နဲ့ အနောက်မှာ 8MP HD ကင်မရာ ၁ လုံးစီ တပ်ဆင်ထားပြီး 18W Charging ပါတဲ့ 7,100mAh ဘက်ထရီက အမိုက်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ Reverse Charging ထောက်ပံ့တဲ့အတွက် တခြား Device တွေကို အားသွင်းပေးနိုင်ပါတယ်။

ထောင့်လေးထောင့်မှာ စပီကာ ၁ လုံးစီ တပ်ဆင်ထားတဲ့ ဒီဇိုင်းက ထူးခြားပြီး Dolby Atmos Adaptive Surround Sound ထောက်ပံ့ထားပါတယ်။ Android 11 အခြေပြု realme UI for Pad မောင်းနှင်ထားပြီး အရွယ်ကြီး မျက်နှာပြင်မှာ အသုံးပြုလို့ကောင်းတဲ့ Custom UI ဖြစ်ပါတယ်။

Real Gold နဲ့ Real Grey ၂ ရောင် ထုတ်လုပ်ထားပြီး 3/32GB WiFi ကို ၁၉၀ ဒေါ်လာ၊ 3/32GB WiFi+LTE ကို ၂၁၅ ဒေါ်လာနဲ့ 4/64GB WiFi+LTE ကို ၂၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃ သိန်း ၁ သောင်းပဲရှိတဲ့အတွက် ဈေးအရမ်းချိုတဲ့ တက်ဘလက် ဖြစ်ပါတယ်။ အိန္ဒိယမှာ ၁၆ ရက်နေ့ စတင် ရောင်းမှာပါ။

Ref : gsmarena

%d bloggers like this: