ကလေးတွေ စီးနိုင်မယ့် Unicorn စက်ရုပ်

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ Consumer Electronics ဈေးကွက်ထဲကို စက်ရုပ်များစွာ ဝင်ရောက်လာပါတယ်။ ဩဂုတ်လမှာ Xiaomi က CyberDog ကို ပြသခဲ့ပြီး အခုတော့ နောက်ထပ် တရုတ် ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Xpeng က ကလေးတွေ စီးနိုင်မယ့် Unicorn စက်ရုပ်ကို ဖန်တီးနေပါတယ်။

A Chinese EV startup wants to build a ridable robot unicorn for kids | Engadget

စက်ရုပ်မှာ ခြေထောက်လေးချောင်း တပ်ဆင်ထားပြီး မြင်းနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Unicorn စတိုင် ဒီဇိုင်း ဖြစ်ပြီး ကုမ္ပဏီရဲ့ Autonomous Driving နဲ့ တခြား AI Functions တွေ ပါပါတယ်။ အဲဒီအတွက် မတ်စောက်တဲ့ တောင်ကုန်းတွေ တက်တာ၊ အရာဝတ္ထုတွေကို မှတ်သားတာနဲ့ အတားအဆီးတွေကို ရှောင်ကွင်းသွားလာတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ စိတ်ခံစားချက်တွေကို ထုတ်ဖော်ပြသနိုင်ပါတယ်။

အဲဒီ စက်ရုပ်ကို Machine Deep Learning နည်းပညာနဲ့ တည်ဆောက်ထားတဲ့အတွက် User တွေနဲ့ ဆက်ဆံတာ ပိုမိုကောင်းမွန်သလို လုံခြုံစိတ်ချရပါတယ်။ စက်ရုပ်ဟာ မျက်နှာကနေ လူသားတွေနဲ့ ဆက်သွယ်စကားပြောမှာ ဖြစ်ပြီး Voice Recognition နဲ့ Facial Recognition တွေ ထောက်ပံ့ထားပါတယ်။

ကုမ္ပဏီက Unicorn စက်ရုပ်ရဲ့ Teaser ဗီဒီယို တစ်ခုကို မျှဝေထာပြီး အသေးစိတ် သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ဈေးနှုန်းကိုလည်း မသိရသေးပေမယ့် ဒေါ်လာ ၃၀၀၀ ဝန်းကျင် ကျသင့်နိုင်တဲ့အတွက် ဈေးမသေးပါဘူး။

Ref : gizmochina

%d bloggers like this: