Apple က စက်တင်ဘာလ ၁၄ ရက်နေ့မှာ iPhone 13 ကို ကြေညာမယ်လို့ အတည်ပြု

နောက်ဆုံးတော့ သတင်းများစွာ ပေါက်ကြားထွက်ပေါ်နေတဲ့ iPhone 13 Series တွေကို ကြေညာမယ့်နေ့ကို တရားဝင်သိလိုက်ရပါပြီ။ Apple က ဒီလ ၁၄ ရက်နေ့မှာ မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ ပြောပြီး “California Streaming” လို့ နာမည်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ပွဲအနည်းငယ်လိုပဲ ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုကို ပလက်ဖောင်းများစွာမှာ ပြသမှာပါ။

速報:アップル発表イベントは9月15日午前2時~。iPhone 13(仮)やiPad mini 6(仮)など新製品予想まとめ - Engadget 日本版

စက်တင်ဘာလမှာ ပြုလုပ်တဲ့ ပွဲ ဖြစ်တဲ့အတွက် iPhone မျိုးဆက်သစ်ကို ကြေညာမယ်ဆိုတာ သေချာပါတယ်။ iPhone 13 Series တွေရဲ့ သတင်းအချက်အလက်များစွာ မကြာခဏ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ ပွဲမှာ Apple Watch မျိုးဆက်သစ်ကိုပါ ကြေညာနိုင်ပြီး အရင်မျိုးဆက် Apple Watch Series 6 မှာ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာတာ၊ ECG လို စွမ်းရည်တွေ ပါလာပါတယ်။

iPhone 13 rumors: Every single thing we've heard before Apple's Sept. 14 event - CNET

ထုံးစံအတိုင်းဆိုရင် Apple ဟာ iOS 15 , iPadOS 15 , watchOS 8 နဲ့ macOS Monterey တို့ အပါအဝင် နောက်မျိုးဆက် Operating Systems တွေကို ဖြန့်ချိမယ့် အချိန်ကိုလည်း ကြေညာနိုင်ပါတယ်။ ပွဲမှာ Mac မော်ဒယ် အသစ်တွေကိုပါ ချပြနိုင်ပါတယ်။ ဒါပေမယ့် စက်တင်ဘာလ ပွဲတွေမှာ iPhone နဲ့ Apple Watch တွေကိုပဲ အဓိက ကြေညာလေ့ရှိပါတယ်။

“California Streaming” ပွဲကို Apple.com ကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပြီး ဒတ်စတော့နဲ့ မိုဘိုင်း ဘရောက်စာတွေကနေ ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် Apple TV နဲ့ Apple TV App ပါတဲ့ Device တိုင်းကနေ ကြည့်ရှုနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: