6,000mAh ဘက်ထရီ ပါတဲ့ Samsung Galaxy M22 ကို မကြာခင် ကြေညာနိုင်

Samsung ရဲ့ နောက်ထွက်မယ့် Galaxy M22 4G ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ကြေညာမယ့်နေ့ကို မသိရသေးပါဘူး။ အခုတော့ အဲဒီ ဖုန်းရဲ့ Support Page ကို လွှင့်တင်လိုက်ပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးလာပါပြီ။

Samsung ရဲ့ မလေးရှား၊ စင်ကာပူနဲ့ ရုရှား ဝက်ဘ်ဆိုက်တွေရဲ့ Support Page မှာ Galaxy M22 4G ရဲ့ မော်ဒယ်နံပတ်ဟာ SM-M225FV/DS ဖြစ်ပါတယ်။ ဒါဟာ မကြာခင် ကြေညာတော့မယ့် အထောက်အထား ဖြစ်ပြီး ကြေညာမယ့် အချိန်ကို မကြာခင် သိလာရတော့မယ်လို့ ထင်ပါတယ်။

FCC နဲ့ Geekbench က စာရင်းအရ Galaxy M22 4G မှာ 25W Fast Charging ပါလာမှာ ဖြစ်ပြီး Dual-SIM Support ထည့်သွင်းထားမှာပါ။ Dual-band WiFi , NFC နဲ့ Bluetooth 5.0 တွေ ထောက်ပံ့ထားမှာပါ။

blank

Galaxy M22 4G မှာ MediaTek Helio G80 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB RAM နဲ့ 128GB Storage အထိ ရွေးချယ်နိုင်မယ်လို့ သတင်းထွက်နေပါတယ်။ ၆.၄ လက်မ HD+ 90Hz Super AMOLED မျက်နှာပြင်၊ 48MP ပင်မ အနောက်ကင်မရာ၊ 13MP အရှေ့ ကင်မရာနဲ့ Android 11 ပါလာနိုင်ပြီး အရွယ်ကြီး 6,000mAh ဘက်ထရီက အမိုက်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: