realme Pad ကို စက်တင်ဘာလ ၉ ရက်နေ့ ကြေညာမည်

realme ဟာ သူ့ရဲ့ ပထမဆုံး တက်ဘလက်ကို စက်တင်ဘာလ ၉ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါပြီ။ တက်ဘလက်နဲ့အတူ realme 8s နဲ့ realme 8i စမတ်ဖုန်းတွေကိုပါ ချပြတော့မှာပါ။ realme က တက်ဘလက်ရဲ့ ဓါတ်ပုံကို မျှဝေလိုက်ပြီး အလွန်ပါးလွှာတာ မြင်ရပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး နောက်ထပ် ဓါတ်ပုံ ၁ ပုံမှာ ၁၀.၄ လက်မ 2000x1200p WUXGA+ မျက်နှာပြင်ပါလာမယ်လို့ သတင်းပေးထားပါတယ်။ Screen-to-body Ratio က ၈၂.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

နောက်ထပ် ဓါတ်ပုံ ၁ ပုံမှာ အထူဟာ ၆.၉ မီလီမီတာ ရှိမယ်လို့ သတင်းပေးထားပြီး အသံအရည်အသွေး မြင့်မားတဲ့အတွက် ရုပ်ရှင်၊ သီချင်းတွေ ကြည့်ရှု နားဆင်ရင် အရမ်း မိုက်မှာပါ။ စာဖတ်ရင်လည်း တော်တော်ကောင်းမယ်လို့ သိရပါတယ်။

တစ်နေ့လုံး ကောင်းကောင်းသုံးနိုင်မယ့် အရွယ်ကြီး ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပြီး Quick Charge လုပ်ဆောင်ချက် ပါလာမှာပါ။ ဒါတင်မကသေးဘဲ အမိုက်စား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားမှာပါ။

blank

အရင်က ပေါက်ကြားခဲ့တဲ့သတင်းတွေအရ အနောက်ဘက်မှာ Grey နဲ့ Gold ၂ မျိုးစပ် ဒီဇိုင်းကို သုံးထားမှာ ဖြစ်ပြီး အနောက်ကင်မရာ ၁ လုံး တပ်ဆင်ထားမှာဖြစ်ကာ Flash မပါလာနိုင်ပါဘူး။ ဘက်ထရီက 7,100mAh ဖြစ်ပြီး 6GB RAM နဲ့ 64GB Storage ပါလာနိုင်ပါတယ်။ Helio G80 Chipset ထည့်သွင်းထားမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။

blank

အရင်ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေအရ စပီကာ ၄ လုံး ပါလာမှာ ဖြစ်ပြီး ၂ လုံးကို အထက်နဲ့ ၂ လုံးကို အောက်မှာ တပ်ဆင်ထားပါတယ်။ USB Type-C Port နဲ့ microSD Card Slot တွေ ပါလာမှာ ဖြစ်ပြီး အရှေ့နဲ့ အနောက်မှာ 8MP ကင်မရာ ၁ လုံးစီ တပ်ဆင်ထားမှာပါ။ အနောက်ကင်မရာမှာပဲ Autofocus ထောက်ပံ့ထားမှာ ဖြစ်ပြီး ဒစ်ဂျစ်တယ်ဘောပင် ပါလာနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: