Bluetooth 5.2 , aptX Adaptive ပါတဲ့ Redmi Earbuds 3 Pro ကို ကြေညာ

Redmi က အိန္ဒိယမှာ TWS နားကြပ် အသစ်ကို ကြေညာလိုက်ပါတယ်။ Redmi Earbuds 3 Pro လို့ နာမည်ပေးထားပြီး တရုတ်မှာ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ Redmi AirDots 3 ကို နာမည်ပြောင်းထားတာပါ။  တန်ဖိုးနည်း နားကြပ် ဖြစ်ပြီး QCC3040 Chipset နဲ့ နောက်ဆုံးပေါ် Bluetooth 5.2 တွေ ထောက်ပံ့ထားပါတယ်။ ဂိမ်းကစားတဲ့ လူတွေအတွက် အသံနောက်ကျတာကို နည်းပါးစေသလို အသံအရည်အသွေး ကောင်းမွန်စေတဲ့ aptX Adaptive Codec ထောက်ပံ့ထားပါတယ်။ အသံအရည်အသွေး ကောင်းမွန်စေဖို့ Balanced and Armature Dual Drivers တွေ ထည့်ပေးထားပါတယ်။

၁ ခါအားသွင်းထားရင် ၇ နာရီကြာ သီချင်းနားဆင်နိုင်ပြီး Charging Case က 600mAh ဘက်ထရီနဲ့ ပေါင်းလိုက်ရင် နာရီ ၃၀ အသုံးပြုနိုင်ပါတယ်။ နားကြပ်မှာ ဘက်စုံသုံး Touch Control ၊ နားကြပ်တပ်တာ ၊ ဖြုတ်တာကို သိနားလည်ကာ သီချင်း အလိုလို ဖွင့်တာ ၊ ပိတ်တာလုပ်ပေးတဲ့ Smart Wear Detection လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

Redmi Earbuds 3 Pro specifications 

  • Bluetooth 5.2 connectivity with Qualcomm QCC3040 chip, aptX enable low-latency for gaming
  • Dynamic + Drmature Two high resolution sound units for high frequency and low frequency offer true to nature balanced sound
  • Touch controls for music playback and launch voice assistant (Siri / Google Voice)
  • Smart wear detection for autoplay and pause
  • Dimensions Headphones: 28×16×21mm; Weight: 4.6g (Each)
  • Dimensions Case: 65×42×32mm; Weight: 51g
  • Water resistant (IPX4)
  • 43mAh battery on the headset offer 7 hours of battery life on a single charge, 600mAh battery on the charging case offers 30 hours of backup

Redmi Earbuds 3 Pro အတွက် အပြာ၊ အဖြူနဲ့ ပန်းရောင် ထုတ်လုပ်ထားပြီး ၂,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၆ သောင်းကျော်ကျသင့်မှာ ဖြစ်ပြီး အိန္ဒိယမှာ ဒီလ ၉ ရက်နေ့ ရောင်းပေးမှာပါ။

Ref : fonearena

 

%d bloggers like this: