50MP ကင်မရာနဲ့ 6,000mAh ဘက်ထရီ ပါတဲ့ Redmi 10 Prime ကို ကြေညာ

Redmi က အိန္ဒိယမှာ Redmi 10 Prime ကို ကြေညာလိုက်ပြီး ၆.၅ လက်မ Full HD+ LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ AdaptiveSync 90Hz (45/60/90Hz) Refresh Rate ထောက်ပံ့ထားပြီး အလုပ်အပေါ်မူတည်ကာ Refresh Rate ကို သင့်တော်သလို အလိုလို ပြောင်းပေးမှာ ဖြစ်တဲ့အတွက် ဖုန်း လျှင်လျှင်မြန်မြန် အလုပ်လုပ်သလို ဘက်ထရီစားတာ သက်သာစေမှာပါ။ Reading Mode 3.0 က စာဖတ်ရင် တော်တော်အဆင်ပြေစေမှာပါ။

Redmi 10 Prime announced with Helio G88 and 6,000 mAh battery

MediaTek Helio G88 SoC ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပြီး 6GB RAM အထိ ရွေးချယ်နိုင်ကာ 2GB RAM အပိုတိုးမြှင့်ပေးတဲ့ လုပ်ဆောင်ချက် ပါပါတယ်။ 50MP ပင်မ ကင်မရာ ပါတဲ့ ပထမဆုံး Redmi ဖုန်း ဖြစ်ပြီး အနောက်ဘက်မှာ 8MP Ultrawide , 2MP Macro , 2MP Depth ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။

Redmi 10 Prime announced with Helio G88 and 6,000 mAh battery

Redmi 10 Prime မှာ Android 11 အခြေပြု MIUI 12.5 မောင်းနှင်ထားပြီး Dual Speaker ပါပါတယ်။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီက တော်တော်မိုက်ပါတယ်။

blank

Redmi 10 Prime specifications

  • 6.5-inch (2400 x 1080 pixels) FHD+ IPS LCD screen with 90Hz adaptive refresh rate, up to 400 nits brightness, Corning Gorilla Glass 3 protection
  • Octa Core MediaTek Helio G88 12nm processor (Dual 2GHz Cortex-A75 + Hexa 2GHz 6x Cortex-A55 CPUs) with ARM Mali-G52 2EEMC2 GPU @ 1000MHz
  • 4GB LPDDR4x RAM with 64GB (eMMC 5.1) storage / 6GB LPDDR4x RAM with 128GB (eMMC 5.1) storage, expandable memory up to 512GB with microSD
  • Dual SIM (nano + nano + microSD)
  • Android 11 with MIUI 12.5
  • 50MP rear camera with f/1.8 aperture, LED flash, 8MP ultra-wide sensor with f/2.2 aperture, 2MP macro and 2MP depth sensor with f/2.4 aperture
  • 8MP front camera with f/2.0 aperture
  • Side-mounted Fingerprint sensor, Infrared sensor
  • 3.5mm audio jack, Stereo speakers, FM Radio
  • Splashproof (P2i coating)
  • Dimensions: 161.95×75.57×9.56mm ; Weight: 192g
  • Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS + GLONASS, USB Type-C
  • 6000mAh battery with 18W fast charging, 9W reverse wired chargingblank

အနောက်ဘက်ကို ပလတ်စတစ်နဲ့ ဖုံးအုပ်ထားပြီး Phantom Black နဲ့ Astral White ၂ ရောင်အပြင် အရောင်ပြောင်းဒီဇိုင်း ဖြစ်တဲ့ Bifrost Blue ကို ထုတ်လုပ်ပေးထားပါတယ်။ 4/64GB ကို ၁၂,၄၉၉ ရူပီးနဲ့ 6/128GB ကို ၁၄,၄၉၉ ရူပီး သတ်မှတ်ထားပြီး ၂ သိန်း ၈ သောင်းနဲ့ ၃ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: