Samsung က ကမ္ဘာ့ ပထမဆုံး 200MP ISOCELL HP1 Sensor ကို ပြသ

Samsung က စွမ်းရည်မြင့် Image Sensor အသစ်ကို ကြေညာလိုက်ပြီး နောက်ထွက်မယ့် Galaxy S22 Ultra မှာ ထည့်သွင်းထားနိုင်ပါတယ်။ 200MP ISOCELL HP1 လို့ နာမည်ပေးထားပြီး ကမ္ဘာ့ ပထမဆုံးလို့ ပြောနိုင်ပါတယ်။ အဲဒီ Sensor က Samsung က ChamaleonCell လို့ နာမည်ပေးထားတဲ့ Pixel Binning နည်းပညာကို အသုံးပြုပြီး 50MP ရုပ်ပုံတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Samsung unveils flagship 200MP ISOCELL HP1, 50MP ISOCELL GN5

HP1 က ရရှိတဲ့ အလင်းရောင်အပေါ် အခြေခံကာ မတူညီတဲ့ Resolution တွေကို ဖန်တီးပေးနိုင်ပါတယ်။ Low Light မှာဆိုရင် 4×4 Binning နည်းလမ်းကို အသုံးပြုကာ 12.5MP Image တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အလင်းရောင် ကောင်းတဲ့ အခြေအနေမှာ 2×2 Binning နဲ့ 50MP Image တွေကို ဖန်တီးပေးနိုင်ပါတယ်။

Samsung unveils flagship 200MP ISOCELL HP1, 50MP ISOCELL GN5

Samsung က ISOCELL HP1 Sensor ရဲ့ အရွယ်အစားကို မပြောသေးပေမယ့် ISOCELL GN2 ထက် ပိုသေးနိုင်ပါတယ်။ HP1 Sensor ဟာ [email protected] Video တွေကို ဖမ်းယူပေးနိုင်ပါတယ်။

Samsung က 50MP ISOCELL GN5 Sensor ကိုလည်း ကြေညာလိုက်ပြီး Autofocus စွမ်းရည်နဲ့ တိကျမှု ပိုကောင်းလာပါတယ်။ ပထမဆုံး အနေနဲ့ Dual Pixel Design မှာ Front Deep Trench Isolation နည်းပညာကို သုံးထားပါတယ်။

Samsung unveils flagship 200MP ISOCELL HP1, 50MP ISOCELL GN5

GN5 မှာ Dual Pixel Pro ပါလာပြီး All-directional Autofocusing နည်းပညာ ထည့်သွင်းထားပါတယ်။ Autofocusing Pixel က Focusing တိကျကောင်းမွန်စေဖို့ Vertical နဲ့ Horizontal Tracking ကို ပေါင်းစပ်ပေးပါတယ်။

Samsung unveils flagship 200MP ISOCELL HP1, 50MP ISOCELL GN5

Samsung က ISOCELL HP1 နဲ့ GN5 Sensor နမူနာမော်ဒယ်တွေကို ဖြန့်ချိပေးထားပြီလို့ ပြောတဲ့အတွက် Device တွေမှာ ပါလာဖို့ သိပ်မကြာတော့ပါဘူး။

Ref : gsmarena

%d bloggers like this: