ပါးပါးလွှာလွှာလေးနဲ့ ထွက်လာမယ့် realme Pad

realme ဟာ သူ့ရဲ့ ပထမဆုံး Android တက်ဘလက်ကို ဖန်တီးနေတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်လာနေပါတယ်။ အခုတော့ realme India နဲ့ Europe ရဲ့ CEO ဖြစ်သူ Madhav Sheth က realme Pad ရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပြီး အရမ်းကို ပါးလွှာတာမြင်ရပါတယ်။

realme ဟာ စမတ်ဖုန်း အပြင် တခြား ထုတ်ကုန်တွေကိုပါ ထုတ်လုပ်ရောင်းချလာပါတယ်။ ပြီးခဲ့တဲ့ လကပဲ ပထမဆုံး လက်ပ်တော့ကို ရောင်းချခဲ့ပြီး အခုတော့ တက်ဘလက် ဈေးကွက်ကိုပါ ချဲ့ထွင်လာပြီ ဖြစ်ပါတယ်။ realme Pad မှာ MediaTek Helio G80 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ၁၀.၄ လက်မ FHD+ IPS LCD မျက်နှာပြင်နဲ့ 7,100mAh ဘက်ထရီ ပါလာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီးပါပြီ။

New Realme Pad renders show underwhelming design choices for the upcoming 10.4-in tablet - NotebookCheck.net News

realme က တက်ဘလက် ကြေညာမယ့် အချိန်ကို အခုထက်ထိ ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ပေါက်ကြားနေတဲ့ သတင်းတွေအရ realme Pad နဲ့အတူ တခြား ထုတ်ကုန်တွေကို စက်တင်ဘာလ ၉ ရက်နေ့မှာ ကြေညာမယ်လို့ သိရပါတယ်။

realme Pad နဲ့အတူ realme 8i နဲ့ realme 8s စမတ်ဖုန်းတွေကိုပါ မိတ်ဆက်မယ်လို့သိရပါတယ်။ ဒါတင် မကသေးပါဘူး။ IoT ထုတ်ကုန် တချို့လည်း ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: