Windows 11 ကို Free Update အနေနဲ့ အောက်တိုဘာလ ၅ ရက်နေ့ ဖြန့်ချိမည်

Microsoft က Windows 11 ကို အောက်တိုဘာလ ၅ ရက်နေ့ ဖြန့်ချိမယ်လို့ တရားဝင် ကြေညာလိုက်ပါပြီ။ Windows အစစ်အမှန် တင်ထားတဲ့ ပီစီတွေအတွက် အခမဲ့ ရယူနိုင်မှာပါ။

Microsoft က Windows အစစ်အမှန် တင်ထားတဲ့ ပီစီတွေကို အရင်ဆုံး ဖြန့်ချိပေးမယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ Requirement နဲ့ ကိုက်ညီတဲ့ ဟာ့ဒ်ဝဲတွေ၊ Device သက်တမ်းတွေနဲ့ တခြား အကြောင်းအရာတွေအပေါ် အခြေခံပြီး တစ်ဆင့်ချင်း Windows 11 ကို ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Microsoft က Windows အစစ်အမှန် တင်ထားတဲ့ ပီစီတွေအားလုံးအတွက် ၂၀၂၂ ခုနှစ်လယ်အထိ Update ကို ဖြန့်ချိပေးမယ်လို့ ပြောပါတယ်။

Windows 11: releasedatum, nieuwe functies en alles wat je moet weten | TechRadar

Windows 10 တင်ထားသူတွေဟာ Update ရရင် Windows Update ကနေ အသိပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Windows 11 ကို ကိုယ်တိုင် Download လုပ်ပြီး Install လုပ်နိုင်မယ့် သဘောလည်း ရှိပါတယ်။

Windows 11 မှာ ပြောင်းလဲမှုများစွာ ပါလာပါတယ်။ Start Menu ဒီဇိုင်းကို ဆန်းသစ်ထားသလို UI ဒီဇိုင်းကိုလည်း အဆင့်မြှင့်ထားပါတယ်။ Sounds , Widgets နဲ့ Microsoft Store App တွေကို ဆန်းသစ်ထားပြီး Auto HDR နဲ့ Direct Storage တွေလို Gaming လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

Windows 11 မှာ Android Application တွေကို အသုံးပြုလို့ရမှာ ဖြစ်ပြီး အဲဒီလုပ်ဆောင်ချက်ကို အစောပိုင်းမှာ အသုံးပြုလို့ မရနိုင်သေးပါဘူး။ ဒီလုပ်ဆောင်ချက်ကို လာမယ့်လ အနည်းငယ်အတွင်း Windows Insiders တွေအတွက် ရရှိမှာပါ။

Ref : gsmarena

%d bloggers like this: