တရုတ်က လူငယ်တွေ ၁ ပတ်မှာ အွန်လိုင်း ဂိမ်း ၃ နာရီပဲ ကစားခွင့်ရမည်

တရုတ် အာဏာပိုင်တွေရဲ့ ဥပဒေ အသစ်အရ Tencent နဲ့ NetEase တို့လို ဂိမ်း ပလက်ဖောင်းတွေဟာ လူငယ်တွေ အွန်လိုင်း ဂိမ်း ကစားခွင့်ကို ၁ ပတ်မှာ ၃ နာရီပဲ ကန့်သတ်ပေးရတော့မှာပါ။ တရုတ်မှာ လူငယ်တွေ ဂိမ်းကို စွဲစွဲလန်းလန်း ကစားနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ အဲဒီ ဥပဒေ အသစ်ကို ထုတ်လိုက်တာ ဖြစ်ပါတယ်။

Xi Jinping's Simple Solution for Youth Video-Game Addiction

တရုတ်က အသက် ၁၈ နှစ်အောက် လူငယ်နဲ့ ကလေးတွေဟာ သောကြာ၊ စနေ၊ တနင်္ဂနွေနဲ့ အများပြည်သူ အားလပ်ရက်တွေမှာ ည ၈ နာရီကနေ ၉ နာရီအထိပဲ ၁ နာရီကြာ အွန်လိုင်း ဂိမ်း ကစားရမှာပါ။ အရင်ကတော့ ၁ နာရီခွဲကြာ နေ့တိုင်း ကစားခွင့်ပေးထားတာပါ။ ဂိမ်း ကုမ္ပဏီတွေက ခွင့်ပြုချိန်ပြင်ပမှာ ဂိမ်း ကစားလို့ မရအောင် ပိတ်ပင်ပေးရမှာလို့ Reuters က ပြောပါတယ်။ ဒါ့အပြင် ဥပဒေ အသစ်အရ နာမည် အစစ်ကို စစ်ဆေးထောက်လှမ်းတဲ့ စနစ်ကိုလည်း ကစားသူတွေက လိုက်နာရမှာပါ။

China's anti-addiction drive may ruin video games | The Japan Times

အာဏာပိုင်တွေက လူငယ်တွေအကြားမှာ ဂိမ်း စွဲလန်းနေတာကို လျှော့ချဖို့အတွက် မိဘတွေ၊ ကျောင်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောပါတယ်။ တရုတ် နိုင်ငံပိုင် မီဒီယာ ၁ ခုက အွန်လိုင်း ဂိမ်းတွေဟာ ဘိန်းစွဲသလို စွဲစေတယ်လို့ ရေးသားဖော်ပြပြီး ၁ လအကြာမှာ အခု ဥပဒေ အသစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ် အပါအဝင် ကမ္ဘာအဝန်းမှာ လူငယ်တွေ အွန်လိုင်း ဂိမ်းတွေကို စွဲစွဲလန်းလန်း ကစားကြတဲ့အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ ထိခိုက်မှုတွေ ရှိလာပါတယ်။ တချို့ဆိုရင် သေဆုံးတာ၊ မျက်စိကွယ်သွားတာတွေတောင် ဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီအတွက် တစ်ကမ္ဘာလုံးမှာ လူငယ်တွေ အွန်လိုင်း ဂိမ်းကစားတာကို ထိန်းချုပ်ကန့်သတ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။

Ref : theverge

%d bloggers like this: