iPhone 13 ရဲ့ ထူးထူးခြားခြား သတင်းတစ်ခု တက်လာပါတယ်။ Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ ဂုရုကြီး Ming-Chi Kuo က iPhone 13 မှာ ဂြိုလ်တု ဆက်သွယ်မှုကနေ ဖုန်းပြောနိုင်တဲ့ စွမ်းရည် ပါလာမယ်လို့ ပြောပါတယ်။ ရှင်းရှင်းပြောရရင် 4G, 5G Cellular ဆက်သွယ်မှု မလိုဘဲ Satellite Call နဲ့ ဖုန်းပြောနိုင်မှာ ဖြစ်ပါတယ်။
Kuo က iPhone 13 ဟာ Customized Qualcomm X60 Baseband Chip ကြောင့် Low Earth Orbit (LEO) ဂြိုလ်တုတွေကို တိုက်ရိုက် ချိတ်ဆက်နိုင်မယ်လို့ ပြောပါတယ်။ အဲဒီ Customized Modem ကို သုံးခြင်းအားဖြင့် iPhone 13 တွေဟာ တစ်ကမ္ဘာလုံးမှာ 5G ဆက်သွယ်မှုပေးနိုင်တဲ့ အစောဆုံး စမတ်ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။
LEO ဂြိုလ်တုတွေဟာ ကမ္ဘာမြေကို အာကာသကနေ အင်တာနက် ထုတ်လွှင့်ပေးတဲ့ Elon Musk ရဲ့ Starlink Internet Service ရဲ့ အဓိက ကျောရိုးတွေ ဖြစ်ပါတယ်။ LEO ဂြိုလ်တုတွေကို အသုံးပြုနေတာ Starlink တစ်ခုထဲ မဟုတ်ဘဲ Hughesnet နဲ့ OneWeb တို့ကလည်း အသုံးပြုနေကြတာပါ။
LEO 5G ပါတဲ့ iPhone တွေဟာ 5G Tower တွေ မရှိသေးတဲ့ ဒေသတွေအတွက် 5G ထောက်ပံ့ပေးနိုင်ပြီး အထူးသဖြင့် 3G , 4G ဆက်သွယ်မှုတောင် မရသေးတဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအတွက် 5G ရရှိစေနိုင်ပါတယ်။
Ref : theverge
You must log in to post a comment.