SpO2 Sensor နဲ့ AMOLED မျက်နှာပြင် ပါတဲ့ Xiaomi Mi Smart Band 6 ကို ကြေညာ

Xiaomi က အိန္ဒိယမှာ Fans များစွာ တောင့်တနေတဲ့ Mi Smart Band 6 ကို ကြေညာလိုက်ပါတယ်။ ၁.၅၆ လက်မ AMOLED Touchscreen တပ်ဆင်ထားပြီး 326ppi Crystal-clear Resolution ထောက်ပံ့ထားပါတယ်။ အရင်မျိုးဆက်ထက် Screen Space ဟာ ၅၀ ရာခိုင်နှုန်း ပိုများလာပြီး Watch Face ပေါင်း ၈၀ ကျော် ပါလာပါတယ်။

Workout Type ပေါင်း ၃၀ ထည့်သွင်းထားပြီး အကြောလျှော့တာ၊ ဂျင်ကစားတာ၊ ဇွန်ဘာကတာတွေကို ထောက်ပံ့ပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာပေးပြီး သွေးတွင်းအောက်ဆီဂျင် ပမာဏ တွက်ချက်ပေးတဲ့ SpO2 Sensor ပါတာက ကိုဗစ် ကာလမှာ အရမ်း အသုံးဝင်ပါတယ်။ အိပ်စက်မှုနဲ့ အသက်ရှူမှု အခြေအနေတွေကို တိုင်းတာပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို တွက်ချက်ပေးနိုင်ပြီး အသက်ရှူ လေ့ကျင့်ခန်းတွေ ပံ့ပိုးပေးထားပါတယ်။ အမျိုးသမီးများရဲ့ ဓမ္မတာစက်ဝန်းကို တိုင်းတာပေးနိုင်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ 124mAh ဘက်ထရီ ပါလာပြီး ဘက်ထရီ သက်တမ်းက ၁၄ ရက်တောင် အသုံးခံတာက တော်တော်မိုက်ပါတယ်။ Magnetic Charging Connector နဲ့ အားသွင်းရမှာပါ။

blank

Mi Smart Band 6 specifications

  • 1.53-inch (152 × 486 pixels) AMOLED 24bit color touch screen display with up to ≥450 nits brightness, 3D scratch-resistant glass, AF coating, 326PPI
  • Shows time, steps, heart rate, activities, weather, notifications from apps, calls and more
  • Photoplethysmography (PPG) / Heart rate sensor, Blood oxygen sensor
  • 24-hour sleep tracking with REM and sleep breathing quality, fitness tracking, Sedentary reminder
  • Compatible with Android 5.0 or iOS 10.0 and above, Works with both Mi Fit and Xiaomi Wear apps
  • 30 fitness modes (outdoor running, walking, cycling, indoor running, swimming, exercise, indoor cycling, elliptical machine, skipping rope, yoga, rowing machine, Indoor fitness, Indoor ice skating, HIIT, Core training, Stretching, Stepper, Gymnastics, Pilates, Street dance, Dance, Zumba, Cricket, Bowling, Basketball, Volleyball, Table tennis, Badminton, Boxing and Kickboxing)
  • 6 automatic fitness tracking (walking, treadmill, outdoor running, outdoor cycling, rowing machine, and elliptical machine)
  • PAI health analysis, Women’s health tracking: Menstrual cycle,
  • Tri-axis Accelerometer + Tri-axis Gyro, Capacitive Wear Monitoring Sensor, Pressure assessment, Breathing training, Remote shutter control
  • 5ATM (50 meters) water resistant
  • Bluetooth 5.0 LE
  • Dimensions: 47.4 × 18.6 × 12.7mm; Weight: 12.8g
  • 125mAh battery with up to 14 days of battery life

Mi Smart Band 6 အတွက် လက်ပတ်ကြိုး အရောင်မျိုးစုံ ထုတ်လုပ်ထားပြီး ၃,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၇ သောင်း ၈ ထောင်လောက် ကျသင့်ပြီး အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: