Samsung Galaxy Watch4 နဲ့ Watch4 Classic ကို အိန္ဒိယမှာ ကြေညာ

Samsung က အိန္ဒိယမှာ Galaxy Watch4 နဲ့ Watch4 Classic ကို ကြေညာလိုက်ပြီး Exynos W920 5nm Processor မောင်းနှင်ထားပါတယ်။ Wear OS ကို အခြေပြုထားတဲ့ One UI Watch 3 မောင်းနှင်ထားပြီး Google နဲ့ ပူးပေါင်းဖန်တီးထားတဲ့ Wear OS ကို ပထမဆုံး အသုံးပြုထားတဲ့ စမတ်နာရီတွေ ဖြစ်ပါတယ်။ ၁.၂ လက်မနဲ့ ၁.၄ လက်မ မော်ဒယ်တွေ ထုတ်လုပ်ထားပြီး Super AMOLED မျက်နှာပြင် ထောက်ပံ့ထားပါတယ်။ Full Color Always On Display ပါလာပြီး Corining Gorilla Glass နဲ့ မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။

Watch4 မှာ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး Touch Bezel ပါပါတယ်။ Watch4 Classic မှာ Stainless Steel ကိုယ်ထည် တပ်ဆင်ထားပြီး Rotating Bezel ပါပါတယ်။ စမတ်နာရီ ၂ လုံးစလုံးကို ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး IP68 စံနှုန်း ထောက်ပံ့ထားပါတယ်။ MIL-STD-810G စံနှုန်း ပါတဲ့အတွက် အကြမ်းခံပါတယ်။

Body Composition Measurement Tool က သင့် ကျန်းမာရေးကို စောင့်ရှောက်ပေးမှာ ဖြစ်ပြီး လေ့ကျင့်ခန်းတွေ လေ့ကျင့်ပေးတဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။ အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်ပြီး ဟောက်တဲ့ အသံကိုလည်း အာရုံခံနိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တွက်ချက်ပေးနိုင်တာက ကိုဗစ် ကာလမှာ အရမ်း အသုံးဝင်ပါတယ်။

တန်ဖိုးအနည်းဆုံး မော်ဒယ်အနေနဲ့ Galaxy Watch4 ကို ၅ သိန်း ၄ သောင်းနဲ့ ၇ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။

Pricing and availability

  • Galaxy Watch4 40mm Bluetooth (Pink Gold, Black & Silver) – Rs. 23999
  • Galaxy Watch4 40mm LTE (Pink Gold, Black & Silver) – Rs. 28999
  • Galaxy Watch4 44mm Bluetooth (Black, Green & Silver) – Rs. 26999
  • Galaxy Watch4 44mm LTE (Black, Green & Silver) – Rs. 31999
  • Galaxy Watch4 Classic 42mm Bluetooth (Black & Silver) – Rs. 31999
  • Galaxy Watch4 Classic 42mm LTE (Black & Silver) – Rs. 36999
  • Galaxy Watch4 Classic 46mm Bluetooth (Black & Silver) – Rs. 34999
  • Galaxy Watch4 Classic 46mm LTE (Black & Silver) – Rs. 39999

Samsung.com နဲ့ နာမည်ကြီး အွန်လိုင်း  စတိုးတွေကနေ ရောင်းမှာ ဖြစ်ပြီး ဒီလ ၃၀ ရက်နေ့ စတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: