Apple Watch Series 7 အတွက် 41mm နဲ့ 45mm အရွယ်အစား  ၂ မျိုးထုတ်လုပ်ပေးနိုင် 

၂၀၁၈ ခုနှစ်ထုတ် Apple Watch တွေမှာ အရွယ်အစားဟာ 38/42mm ကနေပြီး 40/44mm အထိ ရှိလာပါတယ်။ အခုတော့ Apple Watch Series 7 ရဲ့ လက်ပတ်ကြိုးလို့ ထင်ရတဲ့ ဓါတ်ပုံ ၁ ပုံ ပေါက်ကြားထွက်ပေါ်လာပြီး အရွယ်အစားကို ဖော်ပြထားပါတယ်။

The new Apple Watch Series 7 may come in 41 and 45mm sizes (up from 40 and 44mm)

ဓါတ်ပုံမှာ “45MM” ကို အနီးကပ်ပြသထားပြီး Apple ဟာ ဒီလို အမှတ်အသား ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီ ဓါတ်ပုံကို Leakster ၁ ယောက်ဖြစ်တဲ့ Uncle Pan က ပြီးခဲ့တဲ့ ရက်အနည်းငယ်က မျှဝေခဲ့တာ ဖြစ်ပြီး Series 7 အတွက် 41mm နဲ့ 45mm အရွယ်အစား ၂ မျိုး ထုတ်လုပ်ထားနိုင်တယ်လို့  သူက သတင်းပေးပါတယ်။

Apple Watch Series 6: Time to Buy? Reviews, Features and More

Apple Smartwatch အသစ်တွေကို ဒီဇိုင်း ဆန်းသစ်မယ်ဆိုတဲ့ သတင်းတွေထွက်နေတာ တော်တော်ကြာနေပြီ ဖြစ်ပြီး ဘေးဘက်တွေဟာ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်လာမှာပါ။ မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာလာမှာ ဖြစ်ပြီး ပိုကြီးတဲ့ ဘက်ထရီ ပါလာနိုင်ပါတယ်။ ဒီနှစ် အစောပိုင်းက Apple Watch Series 7 ရဲ့ ဒီဇိုင်းကို ခန့်မှန်း ရေးဆွဲထားတဲ့ ဓါတ်ပုံတွေ ထွက်လာပြီး အရွယ်အစား ပိုကြီးလာတာ မမြင်ရပါဘူး။

စိတ်ဝင်စားစရာကောင်းတာက Watch Series 7 ရဲ့ လက်ပတ်ကြိုးဟာ အရင်မျိုးဆက် 44mm မော်ဒယ်တွေနဲ့ တွဲဖက် အသုံးပြုနိုင်တယ်ဆိုတာပါပဲ။ အရင်မျိုးဆက် Watch Series တွေမှာ Watch Series 7 ရဲ့ လက်ပတ်ကြိုးအသစ်တွေနဲ့ အလှဆင်လို့ရမှာပါ။

Apple Watch Series 7 ကို iPhone 13 Series တွေနဲ့အတူ ကြေညာနိုင်ပြီး စက်တင်ဘာလမှာ  iPhone 13 Series တွေကို ရောင်းမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတင်းထွက်လာပါတယ်။

Ref : gsmarena

%d bloggers like this: